*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
_________________________ထိုနေ့ပြီးကတည်းက Pond တစ်ယောက် Phuwin အိမ်ကိုအမြဲလိုလိုလာနေတက်ပြီး သူ့နန်းတော်ကိုပြန်တာရှားလာခဲ့သည်။ Pond ၏ဖခင်မှာသံသရစိတ်များရှိပေမဲ့ မိခင်ဖြစ်သူမှာတော့သူသားလေးအခုတလော အမြဲပြုံးပျော်နေတာကြောင့် စိတ်ချမ်းသာနေတော့သည်။
နန်းတော်ထဲ၏ အိပ်ဆောင်တော်၌ Pond 's Dad က Pond ကိုမသင်ကာ တာကြောင့် မိန်းမဖြစ်သူနဲ့ တိုင်ပင်ရန်ဆုံးဖြတ်ကာ အိပ်ဆောင်ထဲဝင်သွားလိုက်သည်။
" မိန်းမရေ ဒီကိုလာပါအုန်း ကိုယ်ပြောစရာရှိတယ် "
" အင်းး အရေးမကြီးတဲ့ကိစ္စဆိုရင်ခနနေပါဦးရှင်ရယ် ကျယ်မဒီမှာပုံဆွဲနေလို့ "
ပြတင်းပေါက်နား၌ နေရာချကာပုံဆွဲနေသည်ကိုအာရုံမပျက်ဘဲ ချိုမြသောအသံဖြင့် ပြန်ပြောလိုက်သည်။
" Spider Lily ပန်းတွေပုံဘဲလား ကိုယ့်သခင်မလေး "
" ဒါပေါ့ရှင်ရယ် ဒါမဲ့ဒီတစ်ခါတော့ လိပ်ပြာလေးတွေပါ ပါတယ် "
" ဟော ဟုတ်လား အဲ့ဆိုကိုယ့်ကို အဲ့ဒီပုံရဲ့အဓိပ္ပာယ်လေးကိုကောက်ပြပါဦး ကိုယ့်သမင်မလေးရေ "
လူတစ်ယောက်ရဲ့ ပစ္စုန်ပန်နဲ့ အနာဂတ်ကိုဟောနိုင်တဲ့ ဘုရင့် မိဖုလေးရဲ့ အကျင့်စရိုက်ကိုကြည့်ကာ ဘုရင်ကိုယ်တိုင်ကစိတ်ဝင်စားခဲ့ခြင်းပင်ဖြစ်သည်။
" အိုးးးး တော်ကလည်း ဘာသမင်မလေးလဲ လုပ်ထက်လိုက်ရ! ဒီပုံလေးရဲ့အဓိပ္ပာယ်ကလေ သားလေးနဲ့သူချစ်ရတဲ့သူကိုရည်ညွှန်းတာ အရှင်ရဲ့ "
" ဟင် ဟုတ်လား ကိုယ်တို့သားလေးမှ ချစ်ရတဲ့သူတောင်ရှိနေပြီဟုတ်လား!? "
" အင်းဟုတ်တယ် ကျမရဲ့ လက်လက္ခဏာ မှန်းဆချက်အရ သားလေးမှာသူချစ်ရတဲ့သူရှိနေပြီး ဒီမှာကြည့်လေ ဒီ Spider Lily ပန်းလေးက ကျမတို့သားလေး သူ့အပေါ်မှာနားနေတဲ့ လိပ်ပြာအဖြူရောင်လေးက သူချစ်ရတဲ့သူလေးကိုကိုယ်စားပြုတာပေါ့ ရှင်ရယ် "
YOU ARE READING
𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·
VampirePond Naravit Pov . phuwintang ဆိုတဲ့ကောင်လေးကို ကိုယ်က မြင်မြင်ချင်းမူးရစ်ဆေးလိုစွဲလမ်းခဲ့တာမလို့ Phuwin ဆိုတဲ့ ထိုသွေးနှောကောင်လေးက ကိုယ့်အပိုင်ဘဲလို့ တကိုယ်ကောင်းဆန်စွာယူဆလိုက်ပါတယ်နော် ....