Part - 19

914 95 5
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
__________________________

Pond ၏လုပ်ရက်ကြောင့် Phuwin တစ်ယောက် လှန့်နေမိသည်။ဒေါသလဲထွက်မိတော့သည်။ရှက်လွန်းလို့ မျက်နှာမှာ ခရမ်းချဉ်သီးတစ်ခုလိုပင်နီရဲနေတော့သည်။ Phuwin ၏နှုတ်ခမ်းများမှာ သကြားလုံးစုပ်သလိုပင်စုပ်ခံထားရတာကြောင့် နီရဲဖောင်းကားကာ ထုံကျဉ်နေသည်။ ထူးဆန်းသောမျက်လုံးများ‌ဖြင့် ရှေ့က တက်အုပ်ထားတဲ့လူကိုကြည့်ရင်း စကားစလိုက်သည်။

" မင်း....ဘာလို့ .....

" ရှူးးးးးးးးးးးးးးး
ကိုယ်ပြောတာနားထောင်ပေးပါ "

စလုံးများထစ်ငေါ့စွာထွက်လာတဲ့ပါးစပ်လေးကို လက်ဖြင့်အသာအယာလှမ်းပိတ်ကာမျက်စိထောင့်နားကဖြာကျနေတဲ့ ပျော့ပျောင်းသည့်ဆံပင်ငယ်တို့အား သက်‌တင်ပေးရင်းစကားစလိုက်တော့သည်။

" စိတ်မပူပါနဲ့ Phuwin မင်းခွင့်ပြုချက်မရမခြင်းကိုယ်မင်းကိုဘာမှ မလုပ်ပါဘူး ဒါမဲ့မင်းသာကိုယ့်ကိုအခွင့်အရေးတစ်ခုပေးပါ မင်း Nora ကိုချစ်တာထက် ကိုကမင်းကိုပိုမြတ်နိုးတယ် ဆိုတာတော့သိထားပေးပါနော် ကလေးလေး မင်းသာကိုယ့်ကိုယ်အခွင့်အရေးပေးမယ်ဆိုရင် မင်းအချစ်ဆိုတာကဘယ်လိုမျိုးကိုပြေယတာလဲဆိုသိအောင်ကိုယ်သေချာပေါက် လုပ်ပေးသွားမှာပါ Phuwin "

သူ့ကိုအခွင့်အရေးပေးဖို့နဲ့ သူဘယ်လောက်ချစ်ကြောင်းတွေဝင်ခံနေတဲ့ လူကြီးဘာမှပြန်မပြောနိုင်ပေ အတွေးပေါင်းများစွာနဲ့တွေဝေနေမိသည်။ အတွေးတွေထဲမှာလဲ " သူငါ့ကို ချစ်တယ်တဲ့လား? " "ငါကိုဘယ်ချိန်ကတည်းက.......ဘယ်လို..... အဲ့ဆို သူချစ်ခဒ့တာNora မဟုတ်ဘူးပေါ့ ! "

" Phuwin ကိုယ့်ရဲ့စကားတွေကြောင့် မင်းစိတ်ဆိုးမယ်ဆိုရင်လဲရပါတယ်။ ဒါမဲ့ကိုယ့်ကိုမမုန်းပစ်ပါနဲ့နော်ကလေး မင်းကိုယ့်ကို သူငယ်ချင်းအဖြစ်ဘဲ ခံယူတာသိပါတယ် ဒါမဲ့ကိုယ့်ကိုအခွင့်အရေးလေးတော့ပေးပါနော် Phuwin na.."

ထိုသို့ပြောကာ Phuwin ရဲ့ မျက်လုံးထောင့်ကမျက်ရည်စအချို့ကိုသုတ်ပေးရင် နှုတ်ခမ်းပါးထက်သို့ ဖြေးညှင်းစွာတိုးက အနမ်းတစ်ပွင့်ချွေချလိုက်တော့သည်။........ ထိုသူ၏လုပ်ရက်ကြောင့်Phuwin ၏ပါးများ ပန်းရောင်အသွင်သို့တဖန်ပြန်ရောက်လာခဲ့တော့သည် ဒါကို Pond ကမြင်တော့...

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now