Part - 13

788 87 10
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
____________________________
မနက်ခင်းနေရောင်ခြည်ကြောင့် ပူနွေးပြီး အိပ်လို့ကောင်းပေးမဲ့ မာတာမီခင်ကြီးရဲ့အော်နိုးသံအောင် မထချင်ဘဲထလာခဲ့ရသည်။

" Phuwin!! Phuwin သားတို့ရေထကြတော့‌ေလ9နာရီ ထိုးတော့မယ် "

ဆိုကာ အခန်းတံခါးကိုဖွင့်ပြီး ဝင်လာသော Phuwin ၏မာတာမိခင်တစ်ယောက်..... ကုတင်ပေါ်က ဖက်အိပ်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီး ........

" အော် ......ဖက်အိပ်နေကြတာ ကလေးတွေကြလို့ "

ထိုချိန် Pond မှနိုးလာပြီး Phuwin အမေကိုမြင်သွားကာ " အော် အန်တီ... "

" အေးသား နိုးပြီးလား ဖူဝင်းလေးကိုပါ နှိုးပြီးအောက်ဆင်းခဲ့ပါကွယ် အန်တီမနက်စာပြင်ပေးထားမယ် "

" ကောင်းပါပြီအန်တီ "

Phuwin အမေလဲအခန်းတံခါးပြန်ပိတ်ကာထွက်သွားသည်။ Pond တစ်ယောက် သူ့ဘေးမှာ အိပ်မောကြနေသည့် ကောင်လေးကိုကြည့်ကာ ပြုံးရုံသာတက်နိုင်သည်။ အိပ်နေသည့်အကောက်ပေါက်အားမနက်စာစားရန်လှုပ်၍နှိးလိုက်သည်။

" Phuwin ထတော့ မနက်စာစားရအောင် "

" အင်းးးးမယ့် ‌နဲနဲလောက်ထပ်အိပ်ပါရ‌ေစ na ခနလေးဘဲ အင်းး "

" ထတော့ Phuwin မနက်စာစားရမလေ အစာအိမ်ဖြစ်လိမ့်မယ် "

" အင်းးးး မနက်စာမစားလို့သေတာမှမဟုတ်တာ မယ့်ကလဲ ခေါင်း‌ကိုက်နေလို့ အိပ်ခွင့်ပေးပါ na "

" အင်းအဲ့မို့ထတော့လို့ မနက်စာစားပြီး အရက်နာသက်သာဖို့အတွက်ဆေးလဲသောက်ရမယ် "

" ......... "

ပြန်ဖြေသံတောင်ထွက်မလာခဲ့ စောင်တွေနဲ့လုံးထွေးပြီးပြန်အိပ်ပျော်သွားခဲ့သည်။ဘယ်လိုလှုပ်နိုးနိုးထမလာခဲ့ Pond လဲကြံရာမရ ကလိထိုးဖို့သာ ကြံလိုက်တော့သည်။

" ခ်ခ် ဟာ့...ဟားးး မလုပ်....နဲ့ မယ့်....ဟားးဟာ့ ထ....ထပြီးး ..! "

ကလိထိုးတော့မှ မျက်လုံးကိုပေကလပ်ပေကလပ်ဖွင့်ကာ မော့ကြည့်လိုက်ပြီး မနက်အိပ်ယာနိုးနိုးခြင်း မြင်လိုက်ရတဲ့သူကြောင့် ပါးစပ်အဟောင်းသားဖြင့် သွေးလန့်လန့်ကာ ကောက်ထိုင်ပြီး အော်ချလိုက်သည်။

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now