*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
________________________Pond ထွက်သွားေတာ့ Phuwin ခဗျာ ရှက်စိတ်ကြောင့်အိမ်ထဲသို့လုံးနေအောင်ပြေးဝင်လာပြီး သူ့အခန်းထဲကိုဝင်ကာ ကုတင်ပေါ်မှာစောင်တွေဖြင့်လူးလိမ့်နေတော့သည်။
စိတ်ထဲတွင်လဲ
" ဘာလား? အဲ့ခံစားချက်ကဘာကြီးလဲ Ahh!! ရှီးးယားး ငါ့ကိုဘာလို့အရုပ်တစ်ရုပ်လို့ ဟိုလိုလုပ်လိုက်ဒီလိုလုပ်လိုက်လာလုပ်နေမှန်းမသိဘူး ဘယ်ဘဝကဝ၌ကျွေးပါလိမ့် ချီးဘဲ "" ဖူးဝင်း သားရေ အမေ့ ဆားလေးသွားဝယ်ပေးပါအုန်း "
" ဟုတ်အမေ "
အိမ်ပေါ်ထပ်ကနေပြေးဆင်းလာခဲ့ပြီး မီးဖိုချောင်ခန်းဝ၌
" ငါဆားဝယ်ခိုင်းတာနော် ဖူဝင်း သကြားမဟုတ်ဘူး "
" အာ အမေကလဲသိပါတယ်ဗျာ ဆားနော် ဟုတ်ပြီ bye bye သွားပြီ "
" ဟဲ့ ဖူဝင်း ဆားနော် ငါသေချာမှာတယ် မှားဝယ်လာရင် ပြန်သွားဝယ်ခိုင်းမှာ "
" စိတ်ချ စိတ်ချ "
_____________________________ကျောင်းဖွင့်ရက်တွင် ကန်တင်း၌ ....
" ဝေ့ ယျောင့် ဖူဝင်း "" ဟေးးး Joong "
" မတွေ့တာကြာလို့ တွေ့တောင်မတွေ့ချင်တော့ဘူး "
Phuwinအဲ့လိုပြောလိုက်တော့ Dunk မျက်ခုံးပင့်ကာ " ဟယ် ရင်စက် "
Dunkပြောလိုက်တဲ့စကားကြောင့် joong တစ်ယောက်ကြောင်ကာ " ရက်စက်ဟုတ်ဘူးလား baby ရဲ့ "
" ရှာမရှည်နဲ့ ရင်စက်ဆိုရင်စက်လိုက် "
" အမိန့်တော်အတိုင်းပါ ကိုယ့်အချစ်လေး "
စကားကောင်းနေစဉ် Leo ရောက်လာပြီး " အမယ် အတွဲတွေ Ro နေကြတာပေါ့ ဟုတ်လား? "
Joong :" မြင်တဲ့အတိုင်းဘဲလေ "
Leo :" အေးပါကွာ ထင်တိုင်းကြဲ Ro မနေနဲ့ စာပွဲဖြေရတော့မှာ "
Joong :" အားးး ယျောင့် Leo မင်းပါးစပ်ပိတ် အိုးးး မကြားချင်ဘူးးး ! "
Phu :" သူပြောတာမမှားဘူးလေကွ နောက်တစ်ပါတ်ဖြေရတော့မှာစာတွေရပြီလား? "
YOU ARE READING
𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·
VampirePond Naravit Pov . phuwintang ဆိုတဲ့ကောင်လေးကို ကိုယ်က မြင်မြင်ချင်းမူးရစ်ဆေးလိုစွဲလမ်းခဲ့တာမလို့ Phuwin ဆိုတဲ့ ထိုသွေးနှောကောင်လေးက ကိုယ့်အပိုင်ဘဲလို့ တကိုယ်ကောင်းဆန်စွာယူဆလိုက်ပါတယ်နော် ....