Part - 23

419 51 10
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
_________________________
ထိုအဖြစ်အပျက်တွေဖြစ်သွားသည့်နောက်တစ်နေ့တွင် Phuwin ၏အဖေနဲ့အ‌ေမတို့နှစ်ယောက် ကိစ္စရှင်းရင် Pond ၏အဖေကိုလိုက်ရှာတော့သည်။ Phuwin ၏အမေ က Pond ၏အမေစိတ်သက်သာရာရစေရန် သွားမှာဖြစ်သည်။

နန်းတော်၏အရှေ့သို့ရောက်သော် Phuwin ၏အမေက အိပ်ဆောင်အထပ်သို့တပ်သွားပြီး Pond ၏အမေကိုလိုက်ရှာတော့သည်။ဘုရင်မကြီးကိုတွေ့တော့ Phuwin ၏အမေကအပြေးသွားပြီးဖက်လိုက်ရှာသည်။
ပြီးနော် သူ့ယောင်္ကျားကိုမော့ကြည့်ကာ
" သွားတော့ အကို မိန်းမ နှင့်သိမ့်ပေးထားလိုက်မယ် "

" အင်းကောင်းပြီ ဒါဆိုအကိုသွားတော့မယ် "

" မငိုပါနဲ့ မိဖုရားမလေးရယ်နော် အမရှိတယ်မငိုနဲ့အားလုံးအဆင်ပြေသွားမှာပါ "

" အမ ..... ရှူ့့့ ညမအမကိုလိုအပ်နေတဲ့အချိန်တုန်းက အမဘာလို့ပျောက်သွားရတာလဲဟင် အမကိုအရမ်းလွမ်းနေခဲ့တာအမရဲ့ အမပျောက်သွားတဲ့နေ့ကတည်းကစလို့ ဒီနေ့ထိအတိုင် အမလိုမျိုး ဘယ်သူကမှညမကို ကောင်းကောင်းမဆက်ဆံခဲ့ကြဘူး ရှု့.. ဟင့် .. "

သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ဟိုးအရင်နှစ်တေွကတည်းကသိခဲ့က့တဲ့သူ‌ေတွဖြစ်ပြီး တယောက်ကိုတစ်ယောက်အရင်းချစ်ပြီးဂရုစိုက်ကြတဲ့သူငယ်ချင်း‌ေကာင်း‌ေတွဆိုလဲမမှား‌ေပ ။အခုတော့ သူအရင်နှစ်တွေထဲကမြိုသိပ်ထားသည့်အရာအားလုံးကိုထုပ်ပြောပြီးငိုနေသည့် သူ့မိဖုရားမလေးကိုကြည့်ရင်း အတော်ကိုသနားသွားရှာသည်။

" အမအဲ့တုန်းက မိဖုရားမလေးကိုထားခဲ့တာမဟုတ်ပါဘူး အမမှာလဲရွေးချယ်စရာမရှိလို့ပါကွယ် အမကို‌ခွင့်လွှတ်ပါ "

" အမကိုညမအမြဲခွင့်လွှတ်ပါတယ် အခုလိုအကြာကြီးနေမှပြန်တွေလို့ အမကိုချက်ချင်းမမှတ်မိစေခဲ့လိုတောင်းပန်ပါတယ်နော် ရှု့... "

" ရပါတယ်ကွယ် အခုစိတ်ထဲအရမ်းမထားနဲ့တော့နော် အမ ယောင်္ကျား သွားပြောပေးနေပြီ အကုန်အဆင်ပြေသွားမှာပါ အမတို့အကောင်းဘက်ကဘဲတွေးကအောင်နော် "

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now