Part - 12

865 91 6
                                    

*ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးသားချင်းသားဖြစ်ပါသည်။ အကယ်၍ အခြားသူများဟာနှင့်တူညီခဲ့ပါက တောင်းပန်ပါတယ်။ *
_____________________________

နံနက်ခင်းရဲ့နေရောင်ခြည်မှာ ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ဖြာကြလာပြီး အဆောင်အခန်းထဲရှိအိပ်နေသည့် လူ‌လေးရဲ့မျက်စိကို ကြိမ်းစေသည်။ နူးညံ့သော အိပ်ယာပြင်ထက်မှ ပျင်းရိစွာ အကြောဆန့်ပြီး သန်းခြင်းနှင့် နိုးထလာသော လူငယ်လေးတစ်ယောက်............

" အင်းးးဝါးးးးးး "

အပျင်းကြောအရှည်ကြီးဆန့်ကာ နိုးလာသော်လည်း မျက်လုံးမှာ အပြီးမပွင့်သေး ပေကလပ် ပေကလပ် ဖြစ်နေသေးသည်။မနက်အတန်းရှိ‌ေသးတာ‌ေကြာင့် ထလာဖို့လုပ်ပေမဲ့
ကြောပြင်ကနေ ခါးတစ်‌လျှောက်ကို တင်းနေအောင်းဖိထားတဲ့ အရာကြောင့် ထမရ ရုန်းမရဖြစ်ကာ မျက်စိမှတ်ထားလျက်မျက်မှောင်ကြုတ်မိပြန်သည်။ ဖိထားတဲ့အရာဖယ်ပေမဲ့ ဖယ်လို့မရသည့်အပြင် ပို၍ပင် တင်းကြပ်လာခဲ့သည်။ စိတ်ရှုပ်ရှုပ်ဖြင့် မျက်လုံးကိုနဲ" လေးဖွင့်ကာ သူ့ကိုဖိထားသည့်အရာ ကိုငုံ့ကြည့်လိုက်သည်။ ထိုအခါမှ ဖိထားတာမဟုတ်ဘဲ ကြောပြင်တစ်လျှောက်ကို လက်တစ်စံုကတင်းကြပ်စွာဖက်ထားပြီး ခေါင်းတစ်ခုလုံးကို သူ့ရဲ့ ရင်ဘက်သေး" လေးထဲမရ မကဝင်ပြီး မြုပ်ကာအိပ်နေသူကို မြင်လိုက်ရသည်။ ထိုခါမှ Phuwin လဲ မနေ့ညက သူဘယ်သူနဲ့တူ" အိပ်ခဲ့လဲ အမှတ်ပြန်ရလာသည်။

" ဟမ်!! ဟဲ့ကောင်ထတော့ ငါ့ကိုသေအောင်မညစ်ထားနဲ့ ငါဝက်ဝံအရုပ်မဟုတ်ဘူးကွ!! "

" ဟင်? ဘာလဲ Phuwin ကိုယ်အိပ်နေတုန်းကို
ဘာလို့လာနိုးနေတာလဲ "

" မင်းဟာမင်းအိပ်တာခနထား ငါ့ကိုလွှတ်အုန်း နာတယ်ဟ ! "

သူ့ကိုလွှတ်မယ်လို့ထင်ပေမဲ့ မလွှတ်တဲ့အပြင်
ခန္ဓာကိုယ်တစ်ခုလံုးဖြင့် ခြုံဖက်ကာ ပြန်အိပ်ပျော်သွားတော့သည်။

" မနိုးနဲ့အုန်း ကိုယ်အိပ်အုန်းမှာ "

" မနက်ခင်းစောစောစီးစီး ကျက်သရေတုံးအောင်လာလုပ်နေတာဘဲ "

ပြောမရတဲ့အဆုံး Phuwin လဲကြံရာမရကြံတော့သည်။ Pond Naravit ရဲ့ခေါင်းအုံးကို။ " စွတ်ကနဲ " ဆွဲလိုက်ပြီး မျက်နှာကိုလှမ်းရိုက်လိုက်တော့သည်။

𝑉𝑎𝑚𝑝𝑖𝑟𝑒 [ 𝑃𝑝𝑤 ]✧˚ ·Where stories live. Discover now