အပိုင်း[၂၀]

3.2K 220 15
                                    

ဒီနေ့ဟာ စနေ‌နေ့။ကျောင်းလည်းပိတ်သဖြင့်ဟို့နေ့ကမမဝင်သွားခဲ့တဲ့ အိမ်ကိုသွားဖြစ်သည်။

ထိုအိမ်နားကနေ ရစ်သီရစ်သီလုပ်ကာ တစ်ယောက်ယောက်ထွက်အလာကိုမျှော်နေမိသည်။သိပ်တော့ မမျှော်လိုက်ရပါ။ ထိုအိမ်ထဲမှမိန်းက‌လေးတစ်ဦးထွက်လာ၏။ထွက်လာသူကအခြားသူတော့မဟုတ်။အဲ့ဒီနေ့ကမမရဲ့သူငယ်ချင်းဟုထင်ရသောသူဖြစ်သည်။

"အစ်မ"

"အစ်မ"

အသံကိုခပ်ကျယ်ကျယ်လုပ်ကာခေါ်လိုကိတော့ ထိုအစ်မက ကြားသွားပုံရ၏။မိမိရှိရာသို့ လှမ်းလာသည်။

"ဘာကိစ္စရှိလို့လဲ ညီမလေး"

"မမနဲ့တွေ့ချင်လို့ပါ"

မမလို့ဆိုလိုက်တော့ သူနားမလည်ဖြစ်သွားပုံရသည်။ မိမိကလည်းနာမည်မှ ထည့်မပြောမိတာကို။

"မမဆောင်းလေပြေသွေးပါ"

"ဪ...ဆောင်းကအိမ်ထဲမှာရှိတယ်"

"ညီမကို မမဆီခဏခေါ်သွားပေးပါလားရှင့်"

ထိုအစ်မက မိမိအားအနည်းငယ်စူးစမ်းဟန်ဖြင့်မေး၏။

" ညီမလေးက ဆောင်းရဲ့အသိလား"

"မမရဲ့တပည့်ပါ"

"ဪ..ဆောင်းရဲ့ တပည့်လား..ဒါဆိုလည်းလိုက်ခဲ့နော်"

"ဟုတ်ကဲ့ ကျေးဇူးပါ အစ်မ"

ထိုအစ်မနောက်ကိုလိုက်လာသည်။
မမကိုတွေ့ရတော့မှာမို့စိတ်လှုပ်ရှားနေမိသည်။ကိုယ့်ကိုမြင်ရင်တုံ့ပြန်မဲ့အမူအရာတွေကိုလည်း ကြိုတင်တွေးထားမိတော့ ကြောက်ရွံ့စိတ်လည်းရှိနေပြန်၏။

"ညီမလေး နဲ့ဆောင်းက တော်တော်ရင်းနှီးတာလား..တစ်မျိုးမထင်နဲ့နော် ဆောင်းက အဖော်အပေါင်းသိပ်မထားတတ်လို့မေးကြည့်တာပါ"

"မမနဲ့ကအိမ်နီးချင်းပါ"

"ဪ"

သူဆက်မမေးတော့ပါ။အိမ်ထဲလည်းရောက်လာခဲ့ပြီ။

နှလုံးခုန်သံတွေပိုမိုမြန်လာခဲ့သည်။
သိပ်ကို‌တွေ့ချင်နေတဲ့မမက အခုမျက်စိရှေ့တွင်ရှိနေပြီ။
ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေဟန်ရှိတဲ့မမကတော့ကိုယ့်ကိုမမြင်သေးပါ။
မိမိကိုမြင်သွားရင် သူ့အိမ်မှာတုန်းကလိုမောင်းထုတ်ဦးမှာလား။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now