ဦးသူရမောင် သည် ဒေါ်ခိုင်ခိုင်စိုးကို
အိမ်လိုက်ပိုပေးသည်။"ကျေးဇူးတင်တယ်နော်
ကိုသူရမောင် ""ရပါတယ် ဗျ"
ကျေးဇူးတင်စကား ပြောပြီးတာနဲ့ ကားပေါ်မှာ
ဒေါ်ခိုင်ခိုင်စိုး ဆင်းလိုက်၏
ခိုင်ဘစိုင်းကတော့ ဘယ်ချိန်ထဲက
ကားပေါ်ကဆင်းသွားမှန်မသိချေ ။
ဦးသူရမောင် ကားမောင်းပီး ပြန်တာနဲ့
ဒေါ်ခိုင်ခိုင်စိုး လဲ အိမ်ထဲသို့ ဝင်ခဲ့သည်။"နင်လင် နဲ့ သာယာနေလား"
အိမ်ထဲသို့ရောက်တာနဲ့ ရန်အရင်စသူက
ဦးဘစိုင်း။"ဘာ ရှင်ဘာပြောတာလဲ
ကိုသူရမောင်က ကူညီတာ
ရှင်းကကျေးဇူးကန့်တာလား""ဘာကျေးဇူးလဲ အမေရာ
သားကို လာမထုတ်လဲ ဘာမှမဖြစ်ဘူး
ယောက်ကျာ လုပ်ရဲရင်ခံရဲတယ်""နင်ကပါ ကျေးဇူးကန့်တာလား
နင်ကလေ နင်အဖေနဲ့အတူတူဘယ် သိလား
ငါကကျောင်းထား ကျောင်းမနေ ကျောင်းပြေး
လူဆိုး သူခိုး လုပ်ချင်တဲ့ကောင်
ခိုးစားပီးပဲ နေချင်တဲ့ကောင် "ဒေါ်ခိုင်ခိုင်စိုးသည် မျက်ရည်များကျလာပီး
ပြောနေသည်။"အမေတို့လဲ နားကိုငြီး တယ်ဗျာ
တော်ပီး သွားအိပ်မယ်"ခိုင်ဘစိုင်း အိပ်တာနဲ့ ဦးဘစိုင်းသည်
ဒေါ်ခိုင်ခိုင်စိုးကို ရန်ထပ်ရှာသည်။" ဟား နားငြီးတယ်
နင်လင်အိမ်မှာသွားငိုပါလား "" ရှင် ရိုင်းလှချည်လား "
ဒေါ်ခိုင်ခိုင်စိုး သည် ပြောပြီးတာနဲ့
ဦးဘစိုင်းကို အရှိန်ပါသောအားဖြင့်
ပါးတစ်ချပ်ချလိုက်သည်။"ဗြောင်"
ပါးကိုချပီးတာနဲ့ ဒေါ်ခိုင်ခိုင်စိုး သည်
အိမ်ပေါ်ကဆင်းကာ ဦးသူရမောင်အိမ်သို့
ပြေးလေသည်။ ဦးဘစိုင်း ကတော့ မလိုက်ဘယ်
နောက်ကနေတာအော်ဟစ်ဆဲဆိုးနေသည်။"အေ သွားနေ နင်လင်အိမ်မှာ အိမ်ကိုလဲ
ပြန်မလာနဲ့ ွေးမ"ဒေါ်ခိုင်ခိုင်စိုး အဖြစ်ကတော့ ဆိုးပါတယ်
ဦးသူရမောင် အိမ်ကို မျက်ရည် များဖြင့်
ပြေးလေသည်။
ဦးသူရမောင် အိမ်ရှေ့ရောက်တာနဲ့
ခြံစောင့် ဦးလေး ကြီးကိုတွေ့လိုက်သည်။
