ဒေါ်ခိုင်ခိုင်စိုး စားပွဲခုံတွင် ဝင်ထိုင်တာနဲ့
ဦးဘစိုင်းသည် အိမ်ရှေ့သို့ ရောက်ချလာပြီး
ဒေါသထွက်နေသည် ပုံစံဖြင့်
ဦးသူရမောင် အိမ်ထဲသို့ ဝင်ခဲ့သည်။" ခိုင်ခိုင်စိုး "
ဒေါ်ခိုင်ခိုင်စိုးနဲ့ ရှိနေတဲ့သူ အားလုံးက
ဦးဘစိုင်း ဘက်သို့လှည်ကြည့်လာကြသည်။
ဦးသူရမောင်က ဦးဘစိုင်း ကိုတွေ့တာနဲ့
ညကဖြစ်ကြသည် ရန်ပွဲ ကို
မေးတော့သည်။" ဟျောင့် မင်းဘာတွေဖြစ်နေတာ
ညက ဘာလို့ ခိုင်ခိုင် ကို ရန်စတာလဲ "" ငါကဘာ ရန်စလိုလဲ
ဒီမိန်းမ ငါကို ပါးရိုက်ပီးပြေးသွားတာ"" ရှင် မဟုတ်တာမပြောနဲ့
ရှင်ညက ကိုသူရမောင်နဲ့ ကျွန်မနဲ့ကို
မဟုတ်တာတွေ့ စွတ်စွဲခဲ့တာလေ"" စကားများနေဖို့ အချိန်မရှိဘူး
မင်းခုငါနဲ့လိုက်ခဲ့ ""မလိုက်နိုင်ဘူး
ရှင်နဲ့လိုက်ရင် ကျွန်မကို ရှင်နှိပ်စပ်ဦးမှာပဲ""ဟား ဒီမိန်းမကွာ "
" ဟျောင့် ဘစိုင်းတော်တော့
မင်းဘာတွေ့ဖြစ်နေတာလဲ
ဘာလို့အဲ့လောက်ဒေါသ ထွက်နေတာလဲ"" မင်းနဲ့မဆိုင်ဘူး မင်းအေးဆေးနေ"
ရှိန်သူရမိုး နဲ့ ဒေါ်မြမြမိုးတို့ကတော့
ဒီတိုင်းတာ ကြည့်နေမိသည်။
ဘာမှလဲ လုပ်ပေးမနိုင်တာမို့
ရပ်ကြည့်နေပေမဲ့ ဦးဘစိုင်း တစ်ခါတစ်ခါ
ပြောသည် စကားတွေ့က
စိတ်တိုချင်စရာကောင်းနေသည်မို့ ဝင်ပြောချင်စိတ်တော့ဖြစ်သည်။" ဟျောင့် မင်းပိုက်ဆံ လို့ချင်တာမလား
ငါပေးမယ် ရန်ထပ်မရှာနဲ့တော့ "ဦးဘစိုင်းသည် ပိုက်ဆံအိတ်ကိုမြင်တာနဲ့
ဒေါသကပြေးသွားပီး ငြိမ်နေလိုက်၏
ဦးသူရမောင်ကတော့ ပိုက်ဆံအိတ်ထဲက
ပိုက်ဆံတွေ့ကို ထုတ်ပေးလိုက်သည်။" ရော့ 1သိန်း
ဒါချေးတာမဟုတ်ဘူး
မင်းခိုင်ခိုင် ကို ရန်ထပ်မရှာနဲ့""ကိုသူရမောင် ပေးစရာမလို့ဘူး
အဲ့ကောင်မျိုးကို ပေးရင် ပိုက်ဆံက
လောင်းစရာဝိုင်းကို ဘယ်ရောက်မှာ "
