" အား.. လွတ်စမ်းပါ "
" ဘာလို့လဲ ကိုယ်အချစ်တွေ့ပြမယ်လေ "
အနားသို့ ကပ်လာသည် ရှိန်သူရမိုးကို
နေဇာနီ လက်နဲ့တွန့်ကာ ပြောလိုက်သည်။" ခဗျားရဲ့ အချစ်က ကုတင်ပေါ် မှာ လုပ်မှလား "
နေဇာနီ ပြောသည် စကားကြောင့်ရှိန်သူရမိုးသည်
အပြုံးတစ်ချက်ကိုပြုံးလိုက်သည်။၏အပြုံးသည် နေဇာနီကိုယုတ်မာမဲ့ အပြုံးမျိုး
တော့ မဟုတ်ချေ။ သူရဲ့အပြုံးတွင် နေဇာနီကို
ချစ်သည် အချစ်များပါဝင်နေသည်။" ကိုယ်မယားလေး မကြိုက်ရင် ကိုယ်နောက်ထပ်မလုပ်တော့ပါဘူး "
နေဇာနီ ကို ဖက်၍ အနမ်းတစ်ပွင့်ကိုခြွေကာ
ပြောလိုက်၏နေဇာနီရဲ့ မျက်နှာသည်လဲ နီရဲကာ ရှက်သွေးများ
ဖျားထွက်နေ၏ ။နေဇာနီ စိတ်ထဲ၌လဲ
ရှိန်သူရမိုး လို့ ယောက်ကျာစစ်စစ် တစ်ယောက်ဟာ သူကို အတည်ချစ်ပမလားဟု တွေးနေ၏
မေးခွန်းပေါင်း တစ်သောင်းခြောက်ထောင်နဲ့
ပြည့်နှံနေသည်နေဇာနီဟာ ရှိန်သူရမိုး ရဲ့ နောက်ထပ်အနမ်းတစ်ပွင့် ရမှသာ သူရဲ့ အတွေးများထဲမှ ထွက်လာ၏ရှိန်သူရမိုး ရဲ့ မျက်နှာကို ကိုင်၍ နေဇာနီ
စကားတစ်ခွန့်တာစို့သည်။" ခများကို ကျွန်တော်အရမ်းချစ်တယ် "
" ကိုယ်လဲ မင်းကို အရမ်းချစ်တယ်
ကိုယ်ရဲ့ ဇနီးလောင်းလေ "***********************************
" ဟေး မနီနီဝင်း လာပါဦး "
စျေးသည် ဒေါ်ချို အား လက်လှန်ပြ၍
ဒေါ်နီနီဝင်းအား အော်ခေါ်နေသည်။ဒေါ်နီနီဝင်းလဲ စျေးဆွဲခြင်းကို ကိုင်ကာ
စျေးသည်ဒေါ် ချို ဆိုင်ရှေ့သို့သွားလိုက်သည်။" ကဲ မချို ဘာပြောမလို့တုန်း "
" အဲ့မယ် မနီနီဝင်းတို့ကတော့နော် ရွှေဆွဲကြိုးတွေ့နဲ့ပါလား ဒါနဲ့ အမသား နေဇာနီက ယောက်ကျာနောက်လိုက်သွားတယ်စို့ "
စက်စုစိန် ဒေါ်ချို မေးလာသည်မို့ ဒေါ်နီနီဝင်းလဲ
စိတ်တို၍ သားမက်ကောင်းကြောင်းကို ပြော၏။