အပိုင်း[၂၁]

3K 244 18
                                    

မမကိုပြန်ချဉ်းကပ်ဖို့နည်းလမ်းတွေစဉ်းစားရသည်မှာလည်း ခေါင်းမီးတောက်လှပြီ။ကျေနပ်လှတဲ့အဖြေကိုအခုထိမရသေး။

"မမကငါ့ကို နောက်ကျရင်ရောပြန်ချစ်ပါ့မလား"

မမကမချစ်ဘူးဆိုတဲ့အတွေးတွေတွေးမိတိုင်း ရင်ထဲပူလောင်လာရသည်။မိမိမဟုတ်တဲ့အခြားတစ်ယောက်ဆီများ မမပါသွားခဲ့ရင်ဆိုပြီးတွေးမိတိုင်းရင်နာရသည်မှာအခါခါ။
ချစ်ရတာလည်းပူလောင်လိုက်တာ။

"လမင်းငယ်..သမီး "

"လမင်းငယ်"

ဟိုတစ်စဒီအတွေးတို့က မေမေ၏ခေါ်သံကြောင့် ပျောက်ပျက်သွားရသည်။

"ရှင် မေမေ"

" ညည်းအဲ့ဒီမှာထိုင်နေတာ တစ်နာရီကျော်နေပြီနော်..ငေးငေးငိုင်ငိုင်နဲ့ ဘာလုပ်နေတာတာလဲ"

"တစ်နာရီတော့မကျော်သေးပါဘူး မေမေရ"

မေမေ့အကျင့်က မနက်၆နာရီနှိုးချင်ရင်၈နာရီဆိုပြီးလိမ်ပြောကာနှိုး
တတ်သည်။အခုလည်း တစ်နာရီတောင်မရှိသေးဘဲ တစ်နာရီကျော်တယ်ပြောနေခြင်းပါ။

" မကျော်လည်းသွားထတော့...ဘယ်နှယ့် စောစောစီးစီးမေးထောက်ပြီးမှိုင်နေရတယ်လို့..လာဘ်ပိတ်ဦးမယ်"

ထုံးစံအတိုင်းဘာမှမဆိုင်တဲ့အယူအဆတွေ ပြောပြန်ပါပြီ။မေမေပြောတာတွေနားထဲလည်းဘာတစ်ခုမှရောက်ပေ။

"အင်းပါ မေမေရဲ့ ..ထပါပြီ "

"စိတ်ညစ်ပါတယ်ဆို မေမေကတစ်မျိုး"

နောက်စကားတစ်ခွန်းကိုတော့မေမေမကြားအောင်သာပြောရဲသည်။ကြားရင်တော့ ခေါင်းကိုလာခေါက်မှာမြင်ယောင်မိ၏။ဒီအရွယ်လေးကစိတ်ညစ်စရာရှိသေးတာလားဆိုပြီးလည်းဆူဦးမည်။
နောက်တစ်ခုက ရည်းစားရနေပြီ
လားဆိုပြီးမေးမြန်းဦးမည်။
ဘာလုပ်လုပ်မှိုင်နေရင်ကို ရည်းစားပူမိတယ်ထင်တတ်တာ လူကြီးတွေရဲ့အကျင့်တစ်ခုပဲဖြစ်လိမ့်မည်။

***

ကိုကို့ဆီကဖုန်းခေါ်နေသဖြင့် ကိုင်လိုက်မိသည်။ဒီရက်ထဲ ကိုကိုနဲ့စကားမပြောတာပင် အတော်ကြာလှပြီ။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now