အပိုင်း[၂၂]

3.2K 235 19
                                    

"ဆောင်း..ဟိုကလေးမလေးမပြန်သေးဘူးနော်"

"အခုထိတောင်လား"

"အေး...မိုးလည်းချုပ်တော့မှာနော်...မိုးနံ့လည်းရတယ်..တော်ကြာမိုးရွာနေမှဒုက္ခတွေရောက်ကုန်ဦးမယ်.. သူကနင်ထွက်လာတာစောင့်နေတာကို..သွားချော့ပြောလိုက်ပါ"

"နေပါစေ...ဘာမှမပြောဘူး...သူ့ကိုဘယ်သူမှမနေခိုင်းဘဲနေနေတာ..ငါနဲ့အ‌ေနသာကြီးပါ"

မေနှင်းမှာ ကြားထဲမှ နှစ်ယောက်ကြားစိတ်ညစ်နေရတော့သည်။

မိုးကလည်း ပြောရင်းနှင့်ပင်ရွာလာသည်။
အရှိန်တောင်မယူဘဲ စစချင်းမှာပင်သည်းသည်းမဲမဲရွာချနေသည်။

"ဟိုကမိန်းကလေးနော်..
သူတစ်ခုခုဖြစ်သွားရင်"

"ဖြစ်ဖြစ်ဟာ"

ဘာဖြစ်ဖြစ် ပြီးပြီးရောပြောလိုက်မိသည်။။တကယ်စိတ်မရှည်တော့ပါ။ကိုယ်နဲ့ဘာမှမဆိုင်တဲ့ကိစ္စကို ကိုယ်မှာတာဝန်ရှိသလိုလာပြောနေသည်။သူ့ဘာသာရူးကြောင်ကြောင်လုပ်တဲ့ကိစ္စကို ကိုယ်ကလိုက်ဖြေရှင်းနေရရင် အဓိပ္ပာယ်မှမရှိဘဲ။

"နင်တော်တော် အသည်းမာတဲ့မိန်းမပါလား..နောက်မှနောင်တမရနဲ့"

မေနှင်းပြောကာ အိမ်အပြင်ကိုထွက်လာလိုက်သည်။

"ညီမလေး...မမပြန်ပို့မယ် ပြန်လိုက်တော့နော်"

"မမကကျွန်မကိုထွက်မကြည့်ဘူးလားဟင်"

ရင်နာနာနဲ့မေးလိုက်မိသည်။ထင်ထားခဲ့ပေမဲ့ မသိစိတ်မှာတော့ မမထွက်လာမလားလို့မျှော်လင့်ခဲ့မိသေးတာပါ။

"ကျွန်မ မပြန်ချင်သေးဘူး ..မမနဲ့စကားပြောချင်သေးတယ်"

"ဆောင်းကထွက်လာမှာမဟုတ်ဘူး ညီမလေး
ရဲ့"

"မမကရက်စက်လိုက်တာ..သူ့စိတ်ထဲမှာ ကျွန်မ မရှိဘူးပဲ"

ကိုယ်ဟာ သူ့အတွက် စိတ်ရှုပ်စရာတစ်ခုထက်မပိုခဲ့ဘူးပဲ။တကယ်ဆို သံယောဇဉ်လေးတော့ရှိမယ်ထင်ခဲ့မိတာ။မမဟာ တကယ်ရက်စက်တဲ့မိန်းမပဲ။

"၉နာရီဆိုတာ စောတဲ့အချိန်မဟုတ်တော့ဘူးလေ ညီမလေးရဲ့..ညီမမိဘတွေစိတ်ပူနေမှာမစိုးရိမ်ဘူးလား"

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now