p-1 u

6.6K 178 1
                                    

ပထအကြိမ် ရင်ခုန်းမှုက ဝမ်းနည်းကြေကွဲမှုတွေပါဝင်ခဲ့တယ်

မဖြစ်နိုင်မှန်းသိသိနဲ့ မျှော်လင့်ခဲ့တဲ့ အရာတွေထဲမှာ သူမရဲ့ အချစ်တွေပါခဲ့တယ်

သူမ အပေါ်ဖွင့်မပြောရဲဘူး ဘာလို့ဆို သူမကို
မိန်းက‌ေလးချင်း ချစ်တာကိုဘယ်လိုမြင်သလဲလို့ သွယ် မေးဖူးသည် သူမက

"သဘာဝကို လွန်ဆန်တာ ငါတော့ သဘောမကျဘူးတဲ့လေ"

သွယ့် အဖြစ်က ပွဲမစခင်ကတည်းက ရှူံးနေပြီလေ

သူငယ်ချင်းဆိုတော့လည်း သူငယ်ချင်းပဲပေါ့လေ

"သွယ် ငါ'ကို' နဲ့တွေ့ချင်တယ်ကူညီပါဟာ"

"နင်ကလည်း နင့်အိမ်က သိရင် သတ်မှာပေါ့"

"သူဒီနေ့ ကျောင်းမလားဘူးဟ နေများမကောင်းဘူးလား မသိဘူး စိတ်ပူတယ်ဟ"
ကိုယ်ချစ်ရတဲ့သူက သူချစ်ရတဲ့သူကို စိတ်ပူတဲ့အကြောင်းပြောတဲ့ ရင်ထဲမှာ အောင့်သက်သက်ကြီးပေါ့

"အင်းပါ ညနေကျောင်းဆင်းရင် အဲ့ဘက် စာအုပ်သွားဝယ်သလိုလိုနဲ့ သွားကြမယ်"

"အင်းကျေးဇူး မိုင်ဘတ်ဖရန့်လေး"

"တော်ပါ မိရှင်းသန့်ရယ်"

နွေရှင်းသန့်နဲ့ သွယ်က မိဘတွေအချင်းချင်းရင်းနှီးရာကနေ ခင်လာကြတာ ၇နှစ် သမီးတွေလောက်ကပေါ့ ခင်မင်ရင်းနှီးတာဘာမှမဖြစ်ပေမယ့် နှစ်တွေကြာလာတော့ သွယ့်ဘက်က အဖြူရောင်မေတ္တာတွေက တဖြေးဖြေး အရောင်ပြောင်းလာသည်

သို့ပေမယ့် သူငယ်ချင်းဆိုတဲ့ စည်းလေးပျက်သွားမှာဆိုးတာရယ် သူမက မိန်းကလေးချင်း စိတ်မဝင်စားဘူးဆိုတာရယ်ကြောင့် သွယ်ဖရန့်ဇုန်ထဲကနေ ထွက်လို့မရပေ

သွယ်တို့ ၈တန်းနှစ်မှာ ရှင်းသန့်က အတန်းခေါင်းဆောင်ဖြစ်တဲ့ မင်းခန့်ပိုင် နဲ့ချစ်သူတွေဖြစ်သွားကြသည် သူတို့ချစ်သူဖြစ်ကြပြီး ချိန်းတွေ့ရဖို့ သွယ်က ရင်နာနာနဲ့ ကူညီရသည်

"သွယ် ပြီးပြီလား မြန်မြန်လုပ်ဟာ"

"အေ့ပါ ဒီတစ်ပုဒ်ပဲကျန်တော့တာ"

"မြန်မြန်လုပ်ဟ"

"နင်ကလဲ ၈တန်းအစိုးရစစ်က အရေးကြီးပါတယ်ဆို မြန်မြန်လုပ်လို့မှ မရတာ "

ဒုတိယ အကြိမ် ရင်ခုန်ခြင်းWhere stories live. Discover now