p-3 z

685 10 0
                                    

‌ကျောပြင်က ဒဏ်ရာဟာ နာသည် သို့ပေမယ့် ပြုံးပြုံးကြီးကြည့်နေသည့် အငယ်၂ယောက်ကို မြင်ရတာ ပိုရ်ရျနာသည်

အဖေ သွယ့်ကို ရိုက်ပြီးသည်နှင့် အခန်းထဲဝင်သွားသည် သွယ်လဲ ဘာမှ မပြောပဲ အခန်းထဲသို့ ခြေလှမ်းများ ဦးတည်လိုက်သည်

သွယ်အဝတ်အစားလဲ ပြီးဆေးထည့်ရန် လုပ်ပေမယ့် လက်မှီသလောက်ပဲ ဆေးက ရောက်သည် ဆေးကို ရောက်သလောက်ပဲ သွယ်လိမ်းလိုက်သည်

ကျောင်းပြန်ဖွင့်တော့ ရှင်းသန့်ဟာ ကျောင်းပြောင်းသွားသည့်အတွက် သွယ်တစ်ယောက်တည်းဖြစ်နေသည်

"မြတ်ကျော့သွယ်"

"ပြော မင်းခန့်ပိုင်"

"ရှင်းသန့်မရှိတာ လွမ်းလိုက်တာ"

"နင်အဲ့တာပြောမလို့မလား သွားတော့ အခြားသူတွေ မြင်ရင် နင်နဲ့ငါ့ကို တစ်မျိုးထင်နေလိမ့်မယ်"

"ဪ အင်းပါ ငါသွားပြီနော်"

"အင်း"

ရှင်းသန့်မရှိပဲ ကျောင်းတတ်ရတဲ့နေ့ရက် တိုင်းဟာ ပြဿဒါးပင်

၈တန်း အစိုးရစစ်စာမေးပွဲဟာ နောက်ဆုံးတော့ ပြီးသွားပြီ ဖြစ်သည်

ထိုအတူ့ သွယ့်အတွက် ကံကြမ္မာ အလှည့်အပြောင်းတစ်ခု ကျရောက်လို့လာသည်

ဒီနေ့၈တန်းနောက်ဆုံးစာမေးပွဲပြီးတာကြောင့် သွယ်ပျော်သည် သွယ်ကျောင်းအမြန်ပြီးပြီး ဘွဲ့အမြန်ရချင်သည် ထိုမှသာ ဒီမိသားစုက လွှတ်မြောက်နိုင်မှာမလို့ပင် သူတို့လိုတာ ငွေမလို့ သွယ် အလုပ်လုပ်ပြီး သူတို့ကို ပိုက်ဆံထောက်ပံ့ရုံပင်

သွယ်အိမ်ကိုရောက်တော့ အိမ်ရှေ့မှာ ကားတစ်စီးရှိနေသည် အိမ်ကို ဧည့်သည်ရောက်တာ ဘာမှမဖြစ်ပေမယ့် အိမ်ကို ကားနှင့်လာသည့်ဧည့်သည်ကို သွယ်တစ်ခါမှ မကြုံဘူးပါ

အိမ်ထဲမှာ အဖေရယ် ဧည့်သည်၂ယောက်ရယ် ရှိသည် မီးဖိုချောင်ထဲမှာ အမေရယ် အငယ်၂ယောက်ရယ်ရှိသည် သွယ် အခန်းဆီသွားမည်အလုပ်

"သွယ် သမီးလေး"
ဒီအသံဟာ နူးညံ့လွန်းသည် သွယ့်ဘဝမှာ တစ်ခါမှ အဖေဟာ ထိုသို့ နူးနူးညံ့ညံ့မခေါ်ဖူးပါ

ဒုတိယ အကြိမ် ရင်ခုန်ခြင်းWhere stories live. Discover now