"ဘာရှင်းသန့် ပြန်ပြောစမ်း!"
"ငါ့မှာ ကို နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ"
နွေခေါင်ခေါင်မှာ ခေါင်းကို မိုးကြိုး ပစ်လိုက်သည့်အလား သွယ်ခံစားရသည်"မင်းခန့်ပိုင် ကကော အခုဘယ်မှာလဲ"
"ကို ကနိုင်ငံခြားမှာ ပြန်လာဖို့ မဖြစ်ဘူးတဲ့"
"မင်းခန့်ပိုင်ကို ဖုန်းခေါ်လိုက်"
"အင်း"
"တူ တူ တူ"
"ဟယ်လို ငယ်"
"ကို"
"ငယ် ကို ပြန်လာဖို့က မဖြစ်ဘူးငယ် ကိုဒီမှာစာချုပ်သက်တမ်းပြည့်တဲ့အထိ နေရမှာမဟုတ်ရင် စာချုပ်ရဲ့၁၀ဆ ပြန်ပေးရမှာ ဖြစ်နိုင်ရင်လေ ကိုအခုချက်ချင်းပြန်လာပြီး ငယ်နဲ့ ကို့ရဲ့ ရင်သွေးလေးကို စောင့်ရှောက်ချင်တယ်"
"ဘယ်တတ်နိုင်မလဲ ကို ရယ်"
"မင်းခန့်ပိုင်"
"ပြောလေ မြတ်ကျော့သွယ်"
"နင်ပြန်လာလို့မရင် တစ်ခုခုလုပ်မှဟ မဟုတ်ရင် ရှင်းသန့်သိက္ခာနဲ့ ရှင်းသန့်တို့ မိဘတွေ အရှက်ကွဲရလိမ့်မယ်"
"ဘယ်လိုလုပ်ရမလဲ ကူညီပါ မြတ်ကျော့သွယ်"
မြတ်အတန်ကြာ စဉ်းစားနေပြီးမှ
"မင်းခန့်ပိုင် ငါပြောမယ် ရှင်းသန့် နင်ကောသေချာနားထောင်"
"အင်း ပြော သွယ်"
"အခွင့်အရေးယူတယ်လို့တော့ မထင်နဲ့ နင်ရယ် နင့်ရင်သွေးလေး ကောင်းကောင်းမွန်မွန်နဲ့ နေနိုင်အောင် ပြီးတော့ နင်နဲ့ နင့်မိဘတွေ အရှက်သိက္ခာ မကျအောင် ငါ စဉ်းစားထားတာ တစ်နည်းရှိတယ်"
"ပြောကြည့်သွယ်"
"ဒီလိုဟာ အခုအချိန်မှာ နင့်မိဘတွေ စီးပွားရေးအဆင်မပြေဘူးဟာ အဲ့တာကြောင့် နင့်မိဘေတွစီးပွားရေး ပြေဖို့အတွက် အန်
ကယ့်ကိုနင့်အဖေကုမ္ပဏီ မှာပူးပေါင်းဖို့အတွက် ငါပြောလိုက်မယ် အပေးအယူအနေနဲ့ နင်နဲ့ငါ့ကိုနေရာ ချခိုင်းလိုက်မယ် ပြီးကျ ငါတို့ ဘန်ကောက်သွားပြီး ကလေးကိုသွားမွေးမယ် မွေးလာတဲ့ကလေးကို ရှင်းသန့်က ဖန်ပြွန်သန္ဓေသားစနစ်ရဲ့ယူတယ်လို့ပြောလိုက်မယ် မင်းခန့်ပိုင်ပြန်လာရင် နင်နဲ့ငါကွာရှင်းကြမယ်"

YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romance"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"