ဘာလိုလိုနဲ့ အန်တီတို့ ဆီမှာ သွယ်နေလာတာ ၂လကျော်လာပြီ ဖြစ်သည် သားသမီး မရှိတဲ့အန်တီတို့က သွယ့်ကို သမီးအရင်းတစ်ယောက်လို ချစ်ပေးသည် နွေးထွေးမှုပေးသည်
အန်တီတို့က သွယ့်ကို ကိုယ်ပိုင်ကြောင်းထားပေးမယ်ပြောတော့ သွယ် ငြင်းလိုက်သည်
သွယ့်အတွက် ပိုက်ဆံအများကြီး ကုန်မှာဆိုးလို့ပင် ထို့ကြောင့် အစိုးရကျောင်းသာ တတ်သည်ကျောင်းတွေစဖွင့်တော့ သွယ်၉တန်းဆိုတော့ အရင်ကထက် ပိုရ်ျ စာလုပ်ရသည် ကျောင်းမှာ အေးဆေးနေတတ်တဲ့ သွယ်ကဘယ်သူနဲ့မှ အခေါ်အပြောသိပ်မလုပ်ပါ သို့ပေမယ့် သူငယ်ချင်းတစ်ယောက်တော့ရလာသည်
သူ့နာမည်က ကြည်ဖြူသျှင်တဲ့ ရှင်းသန့်လောက် မခင်ပေမယ့် ရှင်းသန့်လို သူမကို သွယ်ခင်မင်မိသည် အတန်းထဲမှာ သူမကို အနိုင်ကျင့်တဲ့ သူတွေများသည် သျှင့် မိဘတွေက အရှိန်အဝါ ရှိသည် သို့ပေမယ့် သျှင်မိဘတွေက သျှင့်ကို ဂရုမစိုက်ပါ ဒါ့ကြောင့် သျှင်ဟာ အနိုင်ကျင့်ခံရလည်း ငြိမ်ခံနေရသည်"သွယ်"
"ဟင်"
"သျှင်နဲ့ မုန့်ဈေးတန်းလိုက်ခဲ့ပါလား"
"အင်း"
သျှင်နဲ့ သွယ်တို့ မုန့်ဈေးတန်းဘက်ကို ရောက်လာသည်
"ဝယ်ပြီးပြီလား"
"အင်း ပြီးပြီသွယ် နင်ဘာစားမလဲ ငါဝယ်ကြွေးမယ်"
"တော်ပါပြီ"
"စားပါဟာ ဒီနေ့ ငါ့မွေးနေ့မလို့"
"ဟမ် နင့်မွေးနေ့"
"အင်း"
"အစကတည်းကမပြောဘူး လက်ဆောင်ဝယ်ပေးရတာပေါ့"
"မလိုပါဘူး ငါ့အနားမှာ နင်ရှိရင် ရပြီ"
"အင်း"
"ဘာစားမလဲ စားလေ"
"နင်ဝယ်ပေးတာပဲ စာမယ် ငါမရွေးချင်ဘူး"
"အင်ခနစောင့်"
"ဒီမှာ ရပြီသွယ်"
"ကျေးဇူးပါ"
"အာမလိုပါဘူး"
"ကြည်ဖြူသျှင်" သျှင့်ကို အနိုင်ကျင့်နေကြ မြတ်ဘုန်းသော်ဆိုတဲ့ ငနဲပင် အဖွဲ့အားကိုးနှင့်မိုက်တဲ့သူပင် မြတ်ဘုန်းသော်က ချမ်းသာတဲ့ မိသားစုက ဖြစ်တာကြောင့် ဘာလုပ်လုပ် ငွေနှင့်ဖုံးကြသည်
![](https://img.wattpad.com/cover/364733879-288-k98397.jpg)
YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romance"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"