သွယ် မျက်ရည်များနှင့် ထမင်းဆက်မစားနိုင်တော့သဖြင့် အခန်းထဲသို့ ပြေးဝင်သွားပြီး အခန်းထောင့်၌ ထိုင်ရ်ရျ ငိုနေသည်
ဒါဟာ ဖြစ်နေကြဆိုရင်လဲ မမှား
ဟင်းကောင်းသည့်ရက်တွေဆို အငယ်တွေ၏ အနိုင်ကျင့်ခြင်းကိုခံရသည်ပြန်ခုခံရအောင်လဲ မိဘတွေက အငယ်တွေဘက်မှာမလို့ စကားနှင့်တောင် အပြောမခံ
တစ်ခါတလေ သွယ်စဉ်းစားမိသည်
သွယ် သူတို့သမီးကော ဟုတ်ရဲ့လားဆိုပြီးတော့မနက်ကျောင်းသွားရမှာမလို့ သွယ် ဘာကိုမှ မစဉ်းစားတော့ဘဲ အိပ်ဆက်ခြင်းသို့ ဦးတည်လိုက်သည်
သွယ်မနက် မျက်လုံး၂လုံးဖွင့်တာနှင့် တပြိုင်နက် အိမ်၏ ဝေယာဝေစ္စ တွေကို လုပ်ဆောင်ရသည် ထမင်းဟင်းကောချက်ရတာ များသည်
အကုန်လုပ်ပြီးပြီမလို့ ကျောင်းသွားဖို့ အဖြူအစိမ်းလဲ လိုက်သည် ပြီးနောက် အိမ်ပြင်သို့အထွက် ထမင်းစားဝိုင်းက စကားသံကြောင့်
ခြေလှမ်းတွေခနရပ်သွားသည်"မေမေ"
"ပြောလေ သမီးလတ်"
"သမီး ဒီနေ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်မှာ မလို့ မုန့်ဖိုးပေးဦး"
"ဘယ်လောက်လဲ"
"၁၀၀၀၀ "
"အင်း ကျောင်းမသွားခင်လာယူ"
"ဟက်" သွယ့်တုန်းက စာအုပ်လေး ဝယ်မလို့ ပိုက်ဆံတောင်းတာကျ မပေးနိုင်ဘူးတဲ့ တော်တော်တရားကျဖို့ကောင်းတဲ့ မိဘတွေပဲ
သွယ်ဘာမှ မပြောတော့ဘဲ ခြေလှမ်းတွေကို ကျောင်းသို့ ဦးတည်လိုက်သည်
ကျောင်းကို ရောက်သောအခါ အခန်းထဲမှာ လူအနည်းအငယ်ပဲရှိတာကြောင့် ပုံဆွဲဖို့ စဉ်းစားလိုက်သည်
သွယ်ပုံဆွဲရတာ ဝါသနာပါသည် စိတ်နှစ်ရင်းပုံဆွဲလိုက်တာ အခန်းထဲက ဆူညံသံတွေ ကြားမှ သတိပြန်ဝင်လာသည်
ဆွဲလိုက်သည့်ပုံမှာမြစ်တစ်စင်းရယ် အပင်တွေရယ် အစိမ်းရောင် မြက်ခင်းတွေရယ် ပြီးတော့ အထီးကျန်နေတဲ့ ကောင်မလေးတစ်ယောက်ရယ် ပေါ့ အခုထိ ရှင်းသန့် မလာသေးတာကြောင့် ကျောင်းထဲသို့ ပတ်ရှာမိသည်
YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romance"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"