အနှစ် ၂၀ ကြာပြီးနောက်
နောက်ဆုံးတော့ သွယ် အမိမြန်မာပြည်ကို ပြန်လာခဲ့သည်
သံယောဇဉ်တွေကို လွန်ခဲ့တဲ့ အနှစ်၂၀ မြန်မာပြည်က ထွက်ခွာကတည်းက ထားခဲ့ပြီး ဖြစ်တာကြောင့် သွယ် လေဆိပ်ကနေ ဖေဖေနဲ့မေမေတို့ ရှိတာကို ဦးတည်လာခဲ့သည်
"ဖေဖေ
မေမေ"
"သော သမီးလေးပြန်လာပြီပဲ ကြည့်ပါဦး ဖေကြီးရယ် သမီးအသက် ၄၄ လို့တောင် မထင်ရက်စရာပဲ"
"ဟွန့် မေကြီးကလည်း သမီးအခုမှ ၄၀ကို ပါးပါးလေးပဲ ကျော်သေးတာပါ အဲ့လောက်လဲ အသက်မကြီးသေးပါဘူး"
"ဟားဟား ဟုတ်ပါ့မေကြီးရယ် ကိုတို့ သမီးက အသက်၄၀ ကျော်ဆိုတာ မယုံရက်စရာပဲ အခုခေတ် မော်ဒယ်တွေတောင် အရှုံးပေးရတဲ့ အထိပဲ ဟေ"
"ဟွန့် ဖေကြီးကလဲ သမီး အသက်ကို ထည့်မပြောပါနဲ့ မြန်မာပြည်က ထွက်ခွာကတည်းက သမီးအသက်ကို မတွက်တော့တာ"
"ဟားဟား ဟုတ်ပါပြီကွယ် သွားနားတော့ ခရီးပန်းရောပေါ့ သမီးမောင်လေး တော့ပြန်မလာသေးဘူး"
"သူလဲပင်ပန်းရှာမှာပေါ့"
"သမီးမောင်လေးက ထက်မြက်တာပဲ ဖေဖေတောင် ကူးရာမလိုဘူး"
"သူက တော်ပြီးသားပါ ဖေဖေ"
သွယ် မြန်မာနိုင်ငံကထွက်ပြီး သိပ်မကြာမှီ ဖေဖေတို့က နောက်ထပ် အသက်၇နှစ်အရွယ် ကလေးတစ်ယောက်ကို မွေးစားလိုက်သည်
ယခုဆို သူအသက် ၂၇တောင် ရှိနေပြီ
သူ့လက်ထက်မှာ M group ကပိုပြီး ကျော်ကြားလာသည်ဆိုလဲ မမှားပေ"မေကြီး ဖေကြီး သားပြန်လာပြီ"
"အော်ကြီး ဟစ်ကျယ်နဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား"
"အမက ဘယ်သူလဲ"
"အမက ဘယ်သူလဲဆိုတော့...."
" အမကို သိသလိုပဲ"
"ဟာ မမ"ဆိုပြီး မောင်လေးက သွယ့်ကို လာပြေးဖက်သည် သွယ်တို့က သွေးမတော်သားမစပ်ပေမယ့် မောင်နှမ အရင်းတွေလိုချစ်ကြသည် မောင်လေးက သူမကို
အပြင်မှာ တစ်ခါမှ မမြင်ဘူးပေမယ့် ဖုန်းထဲတွင်တော့မြင်ဖူးသည် အခုမှသာ ပထမဆုံး အကြိမ် တွေ့ဆုံးခြင်းပင် ဖေဖေနှင့် မေမေတို့ ကပြောထားတာကြောင့် သူမတို့ မောင်နှမဟာ စိမ်းမနေပါ

YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romansa"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"