ရှင်းသန့် နဲ့ သျှင် တို့က သွယ့်အတွက် အကောင်းဆုံးသူငယ်ချင်းပင်
သူတို့ကလွဲပြီး အခြားသူများနှင့်သွယ်မခင်ပါ
သျှင်ကလဲ သွယ် ရှင်းသန့်ကို ချစ်နေတဲ့အကြောင်းဖုံးကွယ်ထားပေးသည်တက္ကသိုလ်ဝင်စာမေးပွဲပြီးတော့
သွယ် သျှင် မင်းခန့်ပိုင် နဲ့ ရှင်းသန့်တို့ အတူတူ ညဈေးတန်းလျှောက်လည်ကြသည်ညဈေးတန်းမှာ အားလုံးပျော်ပျော်ရွှင်ရွှင် ရှိကြသည်
တစ်ယောက်သောသူကတော့ လူ၂ယောက်ပျော်နေတာကို ရီဝေသော မျက်လုံးများဖြင့်ကြည့်နေသည်
ထိုရီဝေသော မျက်လုံးများဖြင့်ကြည့်နေသောသူကို အခြားကောင်မလေးကကြည့်ပြီး သက်ပြင်းတွေ အလိမ့်လိုက်ချနေသည်
ခနကြာတော့ မင်းခန့်ပိုင် အရေးကြီးကိစ္စကြောင့် ပြန်သွားသည့်အတွက်
သွယ် သျှင်နဲ့ ရှင်းသန့်တို့၃ယောက်ပဲကျန်ခဲ့သည်
"ပင်လယ်ဓားမျှ စီးမယ်"
"ရှင်းတစ်ယောက်ပဲစီး ရှင်းသန့် ငါတော့ ကြောက်လို့မစီးဘူး"
"သျှင်မစီးချင်နေပေါ့"
"သွယ် ငါနဲ့အတူစီးမယ်မလား"ချစ်စရာကောင်းတဲ့ အမူအရာနဲ့လာပြောနေတဲ့ ရှင်းသန့်ရဲ့စကားကို သွယ် ဘယ်လိုလုပ်
လွန်ဆန်နိုင်မှာလဲ"အင်းစီးမယ်လေ"
"နင်တို့၂ယောက်ကြအတူစီးပြီး ငါတစ်ယောက်ပဲကျန်ခဲ့မှာကို ငါလဲ လိုက်စီးမယ်"
"မစီးရဘူး"
"သျှင်ဘာလို့မစီးရတာလဲ သွယ်"
"သူ့မှာ နှလုံးရောဂါ အခံရှိတယ် အဲ့တာကြောင့် မစီးခိုင်းတာ ရှင်းသန့်"
"ဪ အဲ့တာဆို သျှင် နင်မစီးရဘူး"
"အင်းပါ ငါဟိုဆိုင်မှာစောင့်နေမယ် "
"အင်း ငါတို့သွားစီးလိုက်ဦးမယ်"
"အင်း"
ထွက်သွားတဲ့ သွယ်နဲ့ရှင်းသန့် ကျောပြင်ကို ကြည့်ပြီး သျှင် သက်ပြင်းတွေအလိမ့်လိုက်ချနေပြန်မိသည်
YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romance"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"