သွယ်တို့ လက်ထက်ပြီး ၁ပတ်အကြာ ဘန်ကောက်သို့ သွားသည်
လူကြီးတွေကိုတော့ သွယ်မှာ ကျားဟော်မုန်းများတာကြောင့် ရှင်းသန့်ကို ဖန်ပြွန် သန္ဓေသားစနစ်နှင့် ကလေးယူမယ်လို့ လိမ်ပြောခဲ့ရသည်
မေမေနှင့် ဖေဖေ ကို လိမ်ခဲ့ရတာကြောင့်သွယ် ကိုယ့်ကို ကိုယ်လိပ်ပြာမလုံပါ
သို့ပေမယ့် သွယ့်ဘဝမှာ ရှင်းသန့်က ပိုအရေးကြီးတယ်လေဘန်ကောက်ရောက်ပြီး သွယ်ဟာ ဖေဖေ့ အကူအညီနဲ့ ဘန်ကောက်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သည် ရှင်းသန့်ကို အလုပ်မလုပ်ဖို့
ပြောပေမယ့် ရှင်းသန့်က လက်မခံ ဗိုက်မထွက်ခင် သွယ်နဲ့ပိုက်ဆံရှာမယ်တဲ့ ဒါမှသာ သူကလေးမွေးရင် သွယ်ဆီကနေ ပိုက်ဆံအများကြီး မယူချင်လို့တဲ့ရှင်းသန့်နဲ့ လက်ထက်တယ်ဆိုတာ ဟန်ဆောင်မှုသက်သက်ပဲနေ ညအိပ်ရင်လဲ တစ်ယောက်တစ်ခန်းအိပ်ကြသည် ထိုအရာကို သွယ်ကို တိုင်စီစဉ်တာပဲ သွယ် အခွင့်အရေးမယူချင်ပါ မင်းခန့်ပိုင် မလာခင် အထိ သူမ ရှင်းသန့်ကို သေချာဂရုစိုက်ရမည်
"သွယ်"
"ပြောလေ ရှင်းသန့်"
"ငါတောင်းပန်ပါတယ်"
"ရပါတယ် မလိုပါဘူး"
"ဘာလို့ မလိုရမှာလဲဟာ ငါ့က နင့်ဘဝ တတ်လမ်းတွေကို ရိုက်ချိုးပြစ်ခဲ့တာလေ"
"နင့်အတွက်ဆိုရင် ငါ့ဘဝ တက်လမ်းတွေကို ငါကိုယ်တိုင် ရိုက်ချိုးမှာ ရှင်းသန့် နင်ကသာ ငါ့ဘဝမှာ အရေးကြီးဆုံးပဲ အရာ အားလုံးနဲ့ ယှဉ်ရင် ငါနင့်ကို ပဲရွေးမှာ ရှင်းသန့် ငါနင့်ကို ချစ်တယ် ငါဘယ်အချိန်က နင့်ကို စချစ်မိမှန်းမသိဘူး ဒါမယ့် ချစ်မိသွားပြီလို့ သိတဲ့အချိန်မှာ နင့်ကို ဖွင့်ပြောဖို့စဉ်းစားမေိသးတယ် နင်က မိန်းကလေးချင်း စိတ်မဝင်စားဘူးဆိုလို့သာ ငါ လက်လျော့လိုက်ရတာ နင်နဲ့ မင်းခန့်ပိုင် မချစ်မိခင်ကတည်းက ငါချစ်နေတာပါအခွင့်အရေးသမားလို့ မမြင်စေချင်ဘူး မင်းခန့်ပိုင် ပြန်မလာခင် အထိ နင်နဲ့ နင့်ရင်သွေးလေးကို ငါသေချာဂရုစိုက်ပေးမှာ
ငါ့ကို ၅၂၈ ချစ်ခြင်းမေတ္တာတွေနဲ့ချစ်ပေးရင်ရပါပြီ"
![](https://img.wattpad.com/cover/364733879-288-k98397.jpg)
YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romance"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"