p-10 z

635 11 0
                                    

သွယ်အခုတလော ‌ထိုကလေးမနှင့်အတော်ကို ရင်းနှီးနေသည် ရှင်းသန့်နှင့်သျှင်ကလွှဲ ကျန်တဲ့သူတွေဆို ရှိတယ်လို့ မထင်တဲ့ သွယ့်အတွက် ထိုကလေးမကို ခနလေးအတွင်းနှင့် ခင်မင်မိတာ အရမ်းအံ့ဩမိသည် နောက်ပိုင်း ထိုကလေးမနှင့်သွယ် ပိုရ်ရျရင်းနှီးလာသည်
ထိုကလေးမ သွယ့်အနားမှာရှိရင် သွယ်ပျော်သည် ကလေးမ သွယ့်အနားမှာ မရှိရင် သွယ် တစ်ခုခု လစ်ဟာနေသလိုပင် ထိုကလေးမ ပျော်ရင် သွယ်ပျော်သည် ထိုကလေးမ ဝမ်းနည်းရင် သွယ် ဝမ်းနည်းသည်

ထိုခံစားချက်ကို သွယ်သိတာပေါ့ သွယ် ဒုတိယ အကြိမ် ရင်ခုန်မိပြီဆိုတာကိုပေါ့

"မမ"

"ဟေ"

"ဘာတွေစဉ်းစားနေတာလဲ"

"ဘာမှ မစဉ်းစားပါဘူး"

"ကျွန်တော် ခေါ်နေတာတောင် မကြားတဲ့ဟာကို ဘာမှ မစဉ်းစားဘူးတဲ့"

"ထားပါ အခုက ဘာလာလုပ်တာလဲ"

"ဟဲ ဟဲ မမကို လွမ်းလို့လာတာလေ"

"မယုံပေါင် "

"တကယ်ပါ မမကို လွမ်းနေတာ မမ နိုင်ငံခြားက ပြန်လာပြီ ဘယ်လောက်မှ မနေပဲ ရှမ်းပြည်ကို ပြောင်းသွားတာဆိုတော့ မမကို ပိုတောင် လွမ်းသေးသည်"

"အဟက် ကလေးလဲ မဟုတ်မင်းက"

"မမ နဲ့ဆိုကလေးပဲ"

"ဟုတ်ပါပြီ နေ့လယ် ထမင်းစားချိန်တောင် ရောက်တော့မယ် လာ ဆိုင်သွားစားရအောင်"

"မမ အိမ်မှာ ဘာမှ မချက်ဘူးလား"

"အင်း ချက်တယ် ဒါမယ့် ဟင်းမကောင်းလို့ လာပါ ဆိုင်ပဲသွားစားရအောင်"

"ဟုတ်"

×××××××××

"မမ ရော့ ထည့်စား"

"အင်းပါ မင်းလဲထည့်စား"

"ဟုတ် ဟီး"

"ဖြေးဖြေးစား ထမင်းစားတာ မြန်လိုက်တာ"

"ဟီး ဟုတ်"
"အယ်"

"ဘာဖြစ်တာလဲ "

"ဘာမှ မဖြစ်ဘူး ဟီး"

"အင်း"

"မမ"

"အင်း"

"ဟိုလေ"

ဒုတိယ အကြိမ် ရင်ခုန်ခြင်းWhere stories live. Discover now