p_11 u

3.2K 144 0
                                    

သွယ် ကားမောင်းနေတဲ့လမ်းတစ်လျှောက်
ထိုကလေးမ သွယ့်ကို ချောင်းချောင်းကြည့်နေတာ သွယ် တသိထားမိသည် သို့ပေမယ့် သွယ် မသိချင်ယောင်ဆောင်နေလိုက်သည်

"မဆင်းသေးဘူးလား"

"ဟမ် အမ် ဆင်း ဆင်းမယ်"ပိုးအတွေးလွန်နေတာကြောင့် ဒေါ်ဒေါ့်အိမ်ကိုရောက်မှန်းမသိပါ

"အင်း"

"ဒေါ်ဒေါ်"

"အင်း"

"ပိုး ဘယ်အခန်းမှာနေရမှာလဲ"

"တို့အခန်း"

"ဟမ်"

"တို့ အခန်းဘေးက အခန်းမှာလို့ပြောတာ"

"ဪ ဟုတ်"

"အေးဆေးနေ ကိုယ့်အိမ်လို သဘောထား"

"ဟုတ်"

*ဒေါ်ဒေါ်ကိုရော ပိုးရဲ့ အမျိုးသမီးအဖြစ်သဘောထားလို့မရဘူးလားဟင်*
ပိုး စိတ်ထဲကနေသာ ပြောမိသည်

ပိုးဒေါ်ဒေါ်အိမ်မှာ နေရတာ ၁ပတ်ကျော်သည် ဒေါ်ဒေါ်အိမ်မှာ နေရတာ ပျော်သည် အဓိက ကဒေါ်ဒေါ်နဲ့အတူရှိနေရလို့ပင်

ဒေါ်‌ဒေါ် အခုတလော ပိုးကို ရှောင်နေသည်
ဘာလို့လဲမသိပါ ပိုးဒေါ်ဒေါ် အိမ်ကို စရောက်ကတည်းကပင် အရင်ကလို တရင်းတနှီးမရှိပါ ‌ေဒါ်‌ေဒါ်နဲ့ အတူရှိရလို့ ပိုးပျော်ပေမယ့်အခုလို ဆက်ဆံရေးကိုကျ ပိုးဝမ်းနည်းသည်

ပိုးနှင့်ဒေါ်ဒေါ် ဧည့်ခန်းထဲ ထိုင်နေချိန် ခြံထဲဝင်လာတဲ့ ကားသံကို ကြားသည် ‌ပိုးသိရသလောက် ဒေါ်ဒေါ်မှာ သူငယ်ချင်းသိပ်မရှိပါ အခုလိုလဲ လာကြတာ တစ်ခါမှ မတွေ့ဘူးပါ
ထိုအချိန် အိမ်ထဲဝင်လာတဲ့သူကြောင့် ပိုး
မျက်နှာပျက်သွားသည် ထိုသူဟာ ဟိုတစ်နေ့ ထမင်းဆိုင်မှာ ‌ဒေါ်ဒေါ်နဲ့ အတူ ထမင်းစားတဲ့ လူဟင်

"မမ"ဆိုပြီး ဒေါ်ဒေါ်ကို ပြေးဖက်လိုက်တာကြောင့် ပိုး ဒေါသတွေ အကတ်အသန့်မရှိ ကျော်လွန်နေပြီ

"ရောင်နီးဦး ဧည့်သည် ရှိတယ်လေ"

"ဟီး ‌ဟုတ်"

"အင်း"

"မမ ကျွန်တော်ကို ခေါ်တော့ ကျွန်တော် အပြေးရောက်လာတာ"

ဒုတိယ အကြိမ် ရင်ခုန်ခြင်းWhere stories live. Discover now