နောက်တစ်နေ့ ပိုးကော်ဖီဆိုင်သို့ ရောက်လာသည်
ကော်ဖီလာသောက်တာလားဆိုတော့ မဟုတ်ပါ ဒေါ်ဒေါ့်ကို လာစောင့်တာဆို ပိုမှန်ပေလိမ့်မည် ဒေါ်ဒေါ်က ဘယ်မှာနေလဲ ပိုးမသိ ဘယ်ကလဲ ပိုးမသိ ဒေါ်ဒေါ့် နာမည်ကလဲ မသိ အသက် ဘလောက်လဲဆိုတာလဲ မသိ
ခက်ပါဘိ ေဒါ်ေဒါ်နှင့် ပက်သက်လျှင်
ပိုးသိတာက တစ်ခုပဲရှိသည် အဲ့တာက ဒေါ်ဒေါ့်ကို ချစ်တာကိုပင်ဟော ဟိုမှာ ဒေါ်ဒေါ် ဆိုတဲ့ အမျိုးသမီးလေး
ကိုေတွ့ရပါပြီ အရမ်းလှသည် ပါတိတ် ဝမ်းဆက် အဝါရောင်လေးနှင့် ေဒါ်ေဒါ့်ရဲ့အလှဟာ အခုခေတ် အပျိုဖျန်းတွေတောင် အရှုံးပေးလောက်ရသည်ပိုးဒီဆိုင်မှာ အမြဲလာနေကျမလို့ ဒီဆိုင်က ဝန်ထမ်းတွေနှင့် အနည်းအငယ် ရင်းနှီးသည်
"အမ"
"ပိုး ဘာလိုလို့လဲ"
"ဘာမှ မလိုဘူး မေးစရာရှိလို့ ဟီး"
"အင်းမေးလေ အမသိရင် ဖြေေပးလို့ရတယ်"
"ဟိုးက အမျိုးသမီး ကို သိလားအမ"
"ဪ သူက အမတို့ရဲ့ သူဌေးလေ"
"ဪ သူ့မှာ အိမ်ထောင်ရှိလား"
"အဲ့တာတော့ အမ မသိဘူး နာမည်ကိုပဲသိတာ"
"နာမည်က ဘာတဲ့လဲ"
"မြတ်ကျော့သွယ် တဲ့"
"နာမည်လေးက လှသား ဟီး ကျေးဇူးပါ အမ"
"အင်းရပါတယ်"
ဒေါ်ဒေါ်ဟာ ပိုးကိုမမြင် ဆိုင်ထဲမှာ လိုတာတွေကို လိုက်ကြည့်နေသည် လိုက်ကြည့်ရင်းမှ ပိုးကို မြင်သည်ထင်သည် ပိုးဆီကို လျှောက်လာသည်
ပိုးဆီကို လျှောက်လာတဲ့ ထိုေခြလှမ်းတွေကို ပိုးသဘောကျသည်
"ဟိတ် ကလေးမ"
"........"
"ကလေးမ"ကလေးမက သွယ်ခေါ်နေတာကို မကြားပါ သွယ့်ကိုပဲ စိုက်ကြည့်နေသည်
အတော်ဆိုးတဲ့ကလေးမပဲ"......."
"ကလေးမ!!"အသံကျယ်ကျယ်အော်လိုက်မှ ထိုကလေးမ သွယ့်ကို ကြည့်လာသည်
YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romance"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"