ညစာစားပွဲတစ်ခုတွင်ဖြစ်သည်။
"အဲ့ဒီတော့ဘယ်လိုလဲ Mr.Hwang အမှုကိုလက်ခံပေးမှာလား ... ငွေရေးကြေးရေးအတွက်ကတော့စိတ်မပူပါနဲ့ "
ချက်လက်မှတ်တစ်စောင်ကိုထိုးပေးရင်းအမှုလိုက်ပေးရန်ကမ်းလှမ်းလာသူကတော့မြို့တော်၀င်ရဲ့ဇနီးဖြစ်သူဖြစ်လေသည်။
"ကျွန်တော်ကအလုပ်ကိုငွေကြောင့်လုပ်တာမဟုတ်ဘူး ရှုပ်ရှက်ခပ်နေတဲ့မိသားစုအရေးကိုလည်း၀င်မဖြေရှင်းပေးဘူး ခွင့်ပြုပါဦး"
"အဲ့ဒီမိန်းမဘက်ကစုံထောက်က Han Jisung!!!*
စားပွဲကနေထွက်ခွာနေပြီဖြစ်တဲ့ Hyunjin ရဲ့ခြေလှမ်းတွေရပ်တန့်သွားကာထိုအမျိုးသမီးကိုပြန်လှည့်ကြည့်လိုက်သည်။
"ကျွန်တော်လိုက်ပေးမယ် ပြီးတော့ ခင်ဗျားနိုင်စေရမယ်"
......................
Hwang Group နဲ့ Han Group ဟာနာမည်ကြီးစုံထောက်အေဂျင်စီများဖြစ်ကာ ဘိုးဘွားများလက်ထပ်မှစကာမတည့်ကြခြင်းဖြစ်သည်။
သမ္မတကိုယ်တိုင်ကဆွဲစိပေးကာသားနှင့်သမီးမွေးလာလျှင်ချစ်ကြည်ရေးညှိကာလက်ထပ်ထိန်းမြားရမည်ဟုအမိန့်ထုတ်ထားသော်လည်း ကံကကောင်းကာသားနှစ်ယောက်သာမွေးလာလေသည်။
အဖိုး၊အဖေလက်ထက်ကထက်ပင်ဒီနှစ်ယောက်မှာပိုဆိုးကာသမ္မတစကားနားမထောင်သည့်တဇွတ်ထိုးတဇောက်ကန်းများဖြစ်လေသည်။
သို့သော်နိုင်ငံ၏ငြိမ်းချမ်းမှု ၈၀% မှာသူတို့နှစ်ယောက်ကြောင့်ဖြစ်ခြင်းကြောင့်သာသမ္မတမှာလည်းရေငုံနှုတ်ပိတ်နေရခြင်းဖြစ်သည်။
ကျန်သော ၂၀% မှာတော့သူတို့အချင်းချင်းရန်ဖြစ်တာကြောင့်မငြိမ်းချမ်းခြင်းသာဖြစ်သည်။
........................
"ပထမမိန်းမရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်တယ်ဆို Mr.Hwang"
"အငယ်အနှောင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံတဲ့မင်းကပိုစိတ်ပျက်ဖို့ကောင်းတယ် Mr.Han"
နှစ်ယောက်ဆုံတာနဲ့မီးပွင့်မတတ်ကြည့်နေသောအကြည့်တွေမှာသဘောကျနှစ်ခြိုက်လို့မဟုတ်ပဲရွံ့ရှာမုန်းတီးခြင်းများသာပါ၀င်လေသည်။
YOU ARE READING
I Wanna Fuck The One I Envy
Fanfictionရန်သူနှစ်ယောက်ကိုဒီထက်ပိုပြီးရှေ့ဆက်စေချင်ကြမယ်ထင်လို့ ~