တီတီတီတီ.....
နှိုးစက်သံကြောင့် shine ဖျတ်ခနဲနိုးလာသည်
နိုးနိုးခြင်း Alarm သံကိုပိတ်ပီး တစ်ဖက်မွေ့ယာပေါ်အိပ်နေတဲ့ vita ကိုလှမ်းကြည့်လိုက်မိတယ်...သူ့ နှိုးစက်သံကြောင့် နိုးသွားလေမလား စိတ်ပူမိပေမဲ့ ကြည့်ရတာတော့ ဘေးကထော်လာဂျီဖြတ်မောင်းသွားရင်တောင် သိမဲ့ပုံမပေါ်
တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ....မနက်ခင်းမို့ထင်တယ် vita ရဲ့ပါးတွေကမနေ့ကထက်ပိုဖောင်းနေသလိုထင်ရတယ် အသားရည်ကတော့ မနာလိိုချင်စရာကောင်းအောင်ကို ကြည်လင်ဖြူဖွေးနေတာ
ခုနေ vita ပါးကို လက်ညှိုးနဲ့သွားထိုးကြည့်ရင် mochi လုံးကလေးတွေကို ထိရသလိုဖြစ်နေမယ်ထင်တယ် ...Shine အိပ်နေတဲ့ vita ကိုလှမ်းကြည့်ရင်း ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီးပြုံးနေမိတယ်....
မနက်စာပြင်တော့ vita အတွက်ပါပိုပြင်ပေးမိတယ် ထူးထူးခြားခြားတော့မဟုတ် ကိုယ်တိုင်လုပ် ဆန်းဒ၀ှစ်နဲ့ကော်ဖီ
အရမ်းအနောက်တိုင်း ဆန်သလိုများဖြစ်သွားလေမလား
vita ဘာကြိုက်တက်သလဲ သူမသိ
သူကတော့ မနက်စာကိုသိပ်ထွေထွေထူးထူးလုပ်လေ့မရှိတဲ့သူမျိုးလေ ပြောရရင်အစားအသောက်ကိုသိပ်မက်လှတယ်မဟုတ်ဘူး vita ကတော့ တကယ်ကိုကောင်းကောင်စားနိုင်တဲ့ ကောင်လေးပဲ vita စားတာကြည့်ရုံနဲ့ သူပါအစားအသောက် ညစားချင်စိတ်ဖြစ်လာရတယ်Vita အတွက်ပြင်ပေးထားတဲ့ မနက်စာကိုသေချာအုပ်ပြီး note စာရွက်လေးတစ်ရွက်နဲ့အတူစားပွဲပေါ်ထားခဲ့လိုက်တယ်
"""မင်းဘာကြိုက်တက်လဲမသိလို့ ငါစားတဲ့မနက်စာပဲပိုပြင်ပေးခဲ့တယ် အားမနာနဲ့ မနေ့ညကမင်းပန်းကန်တွေအားလုံးကူဆေးပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့လုပ်ပေးတာ ကောင်းကောင်းနေခဲ့နော် ညနေမှတွေ့မယ် """"
Vita နိုးလာတော့ စားပွဲပေါ်က note စာရွက်လေးကို ကိုင်ပြီးပြုံးနေတာကိုမရပ်နိုင်တော့
ဘာကသူ့ကိုဒီလောက်ပြုံးရယ်စေလဲ သူကိုယ်တိုင်တောင်နားမလည် စာလုံးလေးတွေက ချစ်စရာကောင်းလို့များလား ရေးတဲ့သူလိုသေးသေးကွေးကွေးကလေးတွေပဲ ချစ်စရာကောင်းလိုက်တာ လို့ဆက်တိုက်တွေးနေခဲ့မိတယ်.....