..လောဘမတက်မိအောင် ကြိုးစားနေရင်းက ပိုင်ဆိုင်ချင်လာတယ် တိမ်တိုက်ကလေးတော့ဖြစ်မသွားရဘူးနော် မျှော်လင့်တကြီးပြေးလာပြီးမှ ဖမ်းဆုပ်ခွင့်မရှိရင် ကျွန်တော် တစ်စစီ ကွဲကြေသွားရလိမ့်မယ်....
>>>>>
... Shine စိတ်ရှိလက်ရှိ ငိုယိုပြောဆိုပြီးမှ မျက်နှာမထားတက်အောင်ရှက်နေမိတယ်...
ဒီလိုလုပ်ရတဲ့အကြောင်းအရင်းကို vita ဆီဘယ်လိိုပြောပြရပါ့မလဲ...
Shine ထမင်းစားပွဲမှာငြိမ်ငြိမ်ထိုင်နေပေမဲ့ ခေါင်းထဲမှာတော့အတွေးပေါင်းစုံလှုပ်ရှားပြေးလွှားနေခဲ့တယ်...
Vita ကသူ့ပန်းကန်ထဲဟင်းတွေခပ်ထည့်ပေးပြီး စားဖို့အမူအယာလုပ်ပြနေပေမဲ့ ဘာစကားမှတော့မဆို....
ဒီကနေ့အဖြစ်အပျက်ကြောင့် သူ့တို့နှစ်ယောက်ဆက်ဆံရေး ပြောင်းလဲစိမ်းကားသွားလေမလား တွေးမိတော့ shine ထမင်းစားနေရင်း မျက်ရည်၀ဲချင်လာရပြန်တယ် အဲဒီအကြောင်းမတွေးမိိအောင်ကြိုးစားနေပေမဲ့ သူ့မျက်နှာအရိပ်အကဲကိုဘေးကထိုင်ကြည့်နေတဲ့ vita ကတော့ ချက်ချင်းရိပ်မိသွားတယ်...
"ကျွန်တော်က shine ကိုပျော်ရွှင်စေချင်ခဲ့တာ မနက်ဖြန်ကျရင် shineစိတ်ထဲရှုတ်ထွေးနေတာတွေအားလုံးရှင်းလင်းသွားစေရမယ်လို့ ကတိပေးတယ်
အဲဒါကြောင့် ဘာမှမတွေးနဲ့တော့နော်
Shine ပင်ပန်းမှာမလိုချင်ဘူး....""ငါက ဘာရှုတ်ထွေးနေလို့လဲ ငါဘာမှမဖြစ်ဘူး..."
"ဟင်းးးးးတကယ်ပြောရခက်တဲ့ ကလေးပေါက်စပဲ
ကြည့်ဦး နှာခေါင်းထိပ်တွေနီရဲအောင် ငိုပြီး ဘာမှမဖြစ်ဘူးလုပ်နေတယ် .... "ပြောရင်း သူ့နှာခေါင်းကိုလာဆွဲတဲ့ vita ရဲ့လက်ကို shine ခပ်ဆက်ဆက်ပုတ်ချလိုက်တယ်
ပြီးတော့ ထမင်းကိုခေါင်းမဖော်ဘဲ ငုံ့စားနေမိတယ်Vita စကားကြောင့် စိတ်ထဲကစိုးရိမ်ပူပန်မှူတွေ လျော့ပါးသွားရတာတော့ ၀န်ခံရမည်
ဆိုပေမဲ့ ရှက်စိတ်ကတော့ကျန်သေးသည်
ဘယ်အချိန်မှအစပြုမိမှန်းမသိတဲ့ vita အပေါ်ပြောင်းလဲလာတဲ့ မရိုးမသားစိတ်ခံစားချက်တွေကြောင့် ကိုယ့်ဘာသာရှက်နေမိခြင်းသာဖြစ်လိမ့်မယ်ထင်သည်...
