... လူတစ်ယောက်ရဲ့ စိတ်ရင်းကိုသိချင်ရင်
မျက်၀န်းတွေထဲအဖြေရှာပါတဲ့
ဘာလို့လဲသိလား မျက်၀န်းတွေဟာ
ဘယ်တော့မှ မလိမ်ညာတက်ဘူးတဲ့လေ....>>>>>
.... အဲဒီအပတ်ရဲ့ စနေနေ့မှာ shine ဆီ အစ်မယမုံဆီကဖုန်း၀င်လာခဲ့တယ်...
ဒီအပတ်ပိတ်ရက် ၃ ရက်မှာအခန်းပြန်လာကြမလို့တဲ့လေ...
အမှန်ပြောရရင် shine ပျော်သွားခဲ့တယ်
သူ့အစ်ကို ကို shine ချစ်သလို မယမုံကိုလည်း အစ်မရင်းလို ချစ်ခင်တာမို့ သူတို့လေးယောက်စုံစုံလင်ရယ်မော စကားပြောရရင် ကောင်းတာပဲမဟုတ်လား...."မောင် အစ်ကိုနဲ့မမတို့ ပိတ်ရက်မှာဒီအခန်းကိုပြန်လာကြမယ်တဲ့ ပျော်လိုက်တာ မမတို့နဲ့အတူထွက်လည်လို့လည်းရတယ် ...."
Vita မျက်နှာကတော့ မချိုမချဥ်
ပျော်ရမလား နှစ်ကိုယ်ကြား ကြည်နူးရမဲ့အချိန်တွေလျော့မှာကိုတွေးပြီး စိတ်ဆိုးရမလား လမ်းပျောက်နေရပုံ...."အင်းလေ သူတို့အခန်းပဲဟာ ပြန်လာပစေပေါ့...."
"ဟာ မောင့်မျက်နှာကဘာဖြစ်တာလဲ ကိုယ့်အစ်မနဲ့အစ်ကိုပြန်လာတာမပျော်ဘူးလား တစ်မြို့တည်းနေပြီး တစ်ခါတစ်လေမှဆုံရတာကို.... "
"ပျော်ပါတယ် ပျော်တယ် ဟီးဟီး ရပြီလားကဲ...."
Vita မရယ်ချင်ရယ်ချင်နဲ့ ဟန်ဆောင်ရယ်ပြလိုက်မိတယ်
Shine ကတော့ခေါင်းတယမ်းယမ်းနဲ့ မျက်နှာကိုရှုံ့မဲ့ပြီး vita ကိုစိုက်ကြည့်လိုက်တယ် ...သူမသိဘဲနေမလား
နှစ်ယောက်တည်း date ပြီးအပြင်လျှောက်လည်ဖို့စီစဥ်ပြီးမှ လေးယောက်အတူသွားရတော့မှာမို့ vita စိတ်ကြည်မှာမဟုတ်မှန်း သူသေချာသိတာပေါ့...."လေးယောက်မဆုံတာလဲကြာပြီမလား မောင်ရာ တစ်ခါတစ်လေပဲလေနော် မျက်နှာကြီးဘာဖြစ်တာလဲ ပြုံးပြုံးလေးနေပါဆို....."
Shine vita ရဲ့ပါးနှစ်ဖက်ကိုဆွဲပြီးချော့မော့သလိုပြောမှ vita ရဲ့မျက်နှာပြန်ကြည်လင်လာတယ်....
နောက်ဆုံးတော့လည်း အနမ်းတွေပေးရင်း စနောက်ကြည်စယ်ရင်း သူတို့ရဲ့အားလပ်ရက်ကလေးဟာ အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးသွားပြန်တာပဲ....
