clover 🍀1

2.2K 96 11
                                    

......  အခြားသူကို အမှန်တကယ်ချစ်ပေးချင်ရင် ကိုယ့်ကိုယ့်ကိုယ်ကိုအရင်ချစ်တက်ရတယ် shine ရဲ့
ကိုယ့်ကိုယ်ကို ချစ်တက်တဲ့သူတွေပဲ ချစ်ခြင်းမေတ္တာအကြောင်းသင်ပေးနိုင်တာ
ဒါကြောင့် ကျွန်တော်ပြောတဲ့ ချစ်ခြင်းတရားအကြောင်းနားထောင်ပါ  ကိုယ့်ကိုယ်ကိုချစ်ပါ ပြီးရင်ကျွန်တော့်ကိုချစ်ပါ....🖤💙

>>>>>  အပိုင်း - 1

ဗွမ်း....

ပြန့်ကျဲသွားရေအမှုန်အမွှားတွေ shineခန္တာကိုယ်ပေါ် ခုန်ပျံလွင့်စင်လာတယ်
ပထမဆုံးထုတ်၀တ်ခဲ့တဲ့ စွတ်စွတ်ဖြူနေတဲ့ အင်္ကျီအသစ်ကလေးကတော့ သွားရှာပြီ
ဖြတ်မောင်းသွားတဲ့ ကားအကောင်းစားဆီ shineတစ်ချက်လှမ်းကြည့်လိုက်မိတယ်....
ရှိုင်းမျက်၀န်းတွေထဲ မျှော်လင့်ချက်တစ်စုံတစ်ခု ရှိမနေခဲ့

စာနာမှူတို့ ကိုယ်ချင်းစာတရားတို့ဆိုတာ အဲဒီလိုကားအကောင်းစားပေါ်ကလူတွေဆီကမျှော်လင့်သင့်တဲ့ အရာမဟုတ်ဘူးလို့ပဲ ရှိုင်းနားလည်ထားခဲ့တာလေ....

ချမ်းသာကြွယ်၀မှူ နဲ့ အပေးအယူမဆန်သောမေတ္တာတရားဟာ အတူတကွယှဥ်တွဲထားလို့မရနိုင်တဲ့ အရာတွေပဲမဟုတ်လား
လူ့ဘ၀ကို seesaw တစ်ခုလို့သဘောထားကြည့်မယ်ဆို အစွန်းတစ်ဖက်မှာ အကြင်နာတရား ချစ်ခြင်းမေတ္တာ တွေရှိနေပြီး နောက်အစွန်းတစ်ဖက်မှာတော့ ကြွယ်၀ချမ်းသာခြင်း အောင်မြင်ခြင်းတွေပေါ့
လူတစ်ယောက်တည်းအားနဲ့ ဒီအရာတွေအားလုံး တစ်တန်းတည်း balance ဖြစ်အောင် လုပ်ဖို့မဖြစ်နိိင်တာသေချာသည်

ဒါဆို ဘ၀တစ်ခု balance ဖြစ်ဖို့အတွက် အခြားတစ်ယောက်ကိုမဖြစ်မနေလိုအပ်ကြတာမျိုးများလား

puzzle အပိုင်းအစတွေလို ပြန့်ကျဲနေတဲ့ သူ့ရဲ့နေ့စဥ်လှုပ်ရှားမှူတွေအသက်၀င်ပုံပေါ်ဖို့အတွက် ပျောက်ဆုံးနေတဲ့ အပိုင်းအစတစ်ခုကိိုဖြည့်ပေးနိုင်မဲ့သူကရော ဒီကမ္ဘာရဲ့ထောင့်ချိုးတစ်နေရာမှာရှိနေနိုင်သလား ....

သူကတော့မမျှော်လင့်ချင်တော့ပါ ရှိမည်လို့လည်းမထင်ခဲ့ပါ....

Shine သူ့ကိုယ်ပေါ်တင်နေတဲ့ သဲပွင့်တစ်ချို့နဲ့ ရေစက်တွေကိုခါချပြီး သူတို့ရုံးရှိရာဆီကို ကိုယ့်အတွေးနဲ့ကိုယ် ဆက်လျှောက်လာလိုက်တယ်....

CLOVER 🍀Where stories live. Discover now