.... 🎶ရင်မှာအမြဲတမ်းအတွက်နဲ့ မဟုတ်ခဲ့ပါရင်
ဒါကိုအချစ်လို့ လုံး၀မပြောတက်သူ အရောင်ပျယ်နွမ်းသွားလည်း ခုထိမမေ့သေးဘူး ရင်ထဲစွဲလှိုက်မောသူ...🎶ကားပေါ် ပျံ့လွင့်နေတဲ့ ထာ၀ရမန္တလေးသီချင်းက ခရီးစဥ်နဲ့လိုက်ဖက်ပနံရနေတယ်....
ရင်ခွင်ထဲက ကောင်လေးကို ငုံ့ကြည့်ရင်း ပါးစပ်လှုပ်ရုံကလေး သီချင်းလိုက်ညည်းနေတဲ့ vita ရဲ့ရင်ထဲမှာတော့ ခံစားချက်တွေမျိုးစုံနဲ့....မွေးရပ်မြေကို ရောက်ခါနီးပြီဆိုတဲ့အသိက vitaကိုပိိုပြီးစိတ်ဂဏာမငြိမ်ဖြစ်စေပုံရတယ်...
ကားမှန်ပြတင်း အပြင်ကိုတစ်လှည့် အိပ်ပျော်နေတဲ့ချစ်ရသူကိုတစ်လှည့် ကြည့်ရင်း vita သက်ပြင်းတချချဖြစ်နေတယ်....ဒါကအတော်လေးကြာပြီးမှ အိမ်ပြန်လာတဲ့ ခရီးဖြစ်သလို သူနှစ်အကြာကြီးချစ်ရတဲ့ ကောင်လေးနဲ့အတူ အိမ်ပြန်ခွင့်ရတဲ့ ပထမဆုံးခရီးလည်းဖြစ်တယ်...
Shine အရင်ကသူတို့ဆီ2ကြိမ်လောက်ရောက်ဖူးပေမဲ့ အခုတစ်ကြိမ်ကတော့ ကွဲပြားတယ်မဟုတ်လား
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်တဲ့ shine ကိုကြည့်ပြီး vita ပြုံးလိုက်မိတယ်
သူတစ်ယောက်တည်းစိတ်လှုပ်ရှားနေမိတာများလား
Shine ပုံစံက စိတ်အေးသက်သာရှိနေပုံ
သူနဲ့အတူရှိရတာမို့ shine သက်တောင့်သက်သာဖြစ်နေတာများလား...ချစ်ဖို့ကောင်းလိုက်တာ...
Vita စိတ်ထဲကအတွေးတွေ အပြင်ထိထွက်အံကျလာတယ်...
သူ့စကားကြောင့် ဘေးခုံက အမျိုးသမီးရဲ့ စပ်စုတဲ့အကြည့်တစ်ချက် သူတို့ဘက်တန်းခနဲရောက်လာတယ် vita မသိချင်ဟန်ဆောင်ပြီး နောက်မှီကိုမှီကာ မျက်လုံးမှိတ်ထားလိုက်တယ်....
သူ့မျက်လုံးထဲ shine ကိုစတွေ့ဖူးတဲ့ပုံရိပ်တွေ ပြန်ပေါ်လာတယ် အနှေးကွက်နဲ့ပြနေသလို အရာအားလုံးထင်ထင်ရှားရှား
မသိရင် မနေ့တစ်နေ့ကဖြစ်ခဲ့တဲ့ ကိစ္စတွေလိုပင်...ပထမဆုံးအကြိမ် ရင်ခုန်လှိုက်မောမိတဲ့အဖြစ်တွေ
ကလေးသာသာ ကောင်လေးတစ်ယောက်ရဲ့ ကိုယ့်ခံစားချက်အပေါ် ထိတ်လန့်အံ့သြခဲ့ရချိန်တွေ
အရာအားလုံးဟာ အသစ်ပြန်ဖြစ်နေသလိုပဲ
အဲဒီတုန်းကအတိုင်း ရင်တွေတဒိတ်ဒိတ်ခုန်လာခဲ့တယ်....
