.....ချစ်ရသူရဲ့ အပြုံးဟာ နွေညတွေရဲ့ အပူကိုလျော့စေသည် အပူရှိန်ဟာ အနွေးဓာတ်အဖြစ်ပြောင်းကာ ရင်ထဲသို့ တမြေ့မြေ့တိုး၀င်လာသည်...
ထိုအကြည့်
ထိုအပြုံး
ထိုသူ့နှုတ်ဖျားက ထွက်လာတဲ့စကားလုံး
ထိုသူဟာ သူ့အတွက် ဆောင်းညရဲ့ မီးလင်းဖိုကလေးဆိုလည်းဟုတ်သည်
နွေကန္တာအလယ်က အိုအေစစ်ဆိုလည်း မှန်သည်
မိုးရေစက်တွေကြားမှာတော့ ထီးတစ်ချောင်းဖြစ်သွားနိုင်သည်....မရှိမဖြစ်ဆိုသည့်စကားလုံးရဲ့ ညီမျှခြင်းတစ်ဖက်မှာ ထိုသူရဲ့အမည်နာမကိုရေးခြစ်မည်ဆိုရင် သူလွန်မည်မထင်ပါ ....
>>>>>
Essential = shine
Vita မှန်ပြတင်းဘေးမတ်တပ်ရပ်ရင်း မှန်ပေါ်စာလုံးတစ်ချို့ရေးနေမိတယ် ကြည်လင်နေတဲ့မှန်မို့ စာလုံးကိုသေသေချာချာမမြင်ရ
သို့သော်သူ့နှလုံးသားထဲမှာတော့ ထိုစကားလုံးတွေ ထင်ထင်ရှားရှားရှိနေလိမ့်မည်....
" အခန်း၀မှာ ဘာလုပ်နေတာလဲ...."
တဘက်ကိုင်ပြီး ဆံပင်ရေစိုတွေကိုသုတ်ရင်း အခန်းထဲကထွက်လာတဲ့ shine မျက်နှာက စူပုတ်ပုတ်နဲ့တစ်မျိုးချစ်စရာကောင်းနေသည်....
"အော် ဘာလုပ်ရမှာလဲကွာ မောင့် ကလေးလေးကိုစောင့်နေတာပေါ့ ဘာလဲအ၀တ်လဲနေချိန် ၀င်လာစေချင်လို့လား.... "
Shine လက်ထဲက တဘက်ကို vita လှမ်းယူလိုက်တယ်
လုပ်နေကျအတိုင်း ဆံပင်တွေကိုခြောက်အောင်သုတ်ပေးရင်း စနောက်သလိုပြောတော့ ရေချိုးခါစမို့ဖြူအိနေတဲ့ shine ရဲ့ပါးပြင်လေးတွေ နားဖျားကလေးတွေ အနီရောင်သမ်းသွားတယ်..."ဆံပင်ခြောက်အောင်သုတ်ခိုင်းဖို့ ခေါ်တာမကြားဘူးလေ အခန်း၀မှာနေပြီး ဘယ်သူ့အကြောင်းတွေးနေလို့မကြားရတာလဲ...."
Shine လေသံထဲက စိတ်ကောက်တော့မဲ့ရှေ့ပြေးလက္ခဏာကိုဗီတာမြင်နေရပြီ
သို့သော် အလွန်တရာ ချစ်စရာကောင်းအောင်စိတ်ကောက်တက်သော ကောက်ကွေးကလေးကို သူစနောက်ချင်သေးသည်..."တကယ်မကြားလိုက်တာပဲ ဘယ်သူ့အကြောင်းတွေးနေမိလို့မကြားရတာပါလိမ့် ပြန်စဥ်းစားဦးမယ်..."
