.... တိတ်ဆိတ် ငြိမ်သက်မှူတွေကို shine ချစ်သည်
စာအုပ်ရနံ့သင်းသင်းတွေကို shine ချစ်သည်
ချိုချိုအေးအေး pop သီချင်းများ မြန်မာသံစဥ်ကို shine ချစ်သည်.....အရင်ကတော့ထိုမျှလောက်သာ ချစ်စရာရှိသည်
ခုတော့ သူအတွက်သီးသန့်လို့ထင်ရတဲ့ vita ရဲ့ ကြင်နာနွေးထွေးမှူတွေကိုပါ shine မြတ်နိုးသဘောကျတက်လာသည်....
"Shine က ဒီလိုနေရာတွေ သဘောကျတာကိုး shine ကိုမြင်ကတည်းက သိသာပါတယ် လုံး၀ introvert vibe ရတယ်လေ ကျွန်တော်နဲ့တော့ဆန့်ကျင်ဘက်ပဲ ...."
"အင်းနော် ငါတို့ကအတော်လေးမတူကြတာ...."
စာအုပ်တွေရွေးရင်း ပြောနေတဲ့ shine ရဲ့ ဘေးတစ်စောင်းမြင်ကွင်းကို အချိန်အတော်ကြာအောင် vita မလှုပ်မယှက်ရပ်ငေးကြည့်နေမိတယ်....
"မတူညီတဲ့ ဆန့်ကျင်ဘက်အရာတွေက လူတွေကိုပိုဆွဲဆောင်နိုင်တယ်တဲ့ လူ့သဘာ၀အရ ကိုယ့်မှာမရှိတဲ့အရည်အသွေးတွေအခြားသူဆီရှိနေရင် အဲဒီလူအပေါ်ပိုပြီးစိတ်၀င်စားတက်ကြတယ်တဲ့ ကျွန်တော်တော့မှန်တယ်လို့ထင်တယ်...."
Vita စကားကဘာကို ရည်ညွှန်းသလဲ shine အဖြေမရှာရဲ သူထင်နေသလိုဖြစ်မှာလည်းစိုးသည်
သူထင်တာတွေမှားနေမှာလည်းကြောက်မိသည်...Shine ဘာမှပြန်မပြောဘဲ စာအုပ်တွေဆီကိုသာအာရုံစိုက်ထားလိုက်တယ်.....
ဒီအချိန်မှာ shine vita ဘက်လှည့်ကြည့်ခဲ့မယ်ဆိုရင် vita မျက်လုံးတွေထဲ အဖြေတစ်ခုခုရှာတွေ့နိုင်ခဲ့မှာလား...
ဒါမှမဟုတ်....>>>>>
စာအုပ်တစ်ချို့၀ယ်ပြီးတော့ သူတို့နေ့လည်စာသွားစားခဲ့ကြတယ်
Vita ကဘာမှကြိုမပြော ဆိုင်ရှေ့ရောက်မှ ဟော့ပေါ့ဆိုင်မှန်း shine သိရသည်...
ဟော့ပေါ့ကိုမှ သူအကြိုက်ဆုံး jo jo hop pop ...Shine မျက်လုံးကလေးတွေအရောင်တောက်သွားတာကို အသေအချာမြင်လိုက်ရတာကြောင့် vita ပြုံးလိုက်မိတယ်...
ကြယ်ကလေးတွေလို တောက်ပတဲ့ shine ရဲ့မျက်လုံးတွေထဲ ပျော်ရွှင်မှူတွေပြည့်နေစေချင်တယ် အဲဒီလိုဖြစ်အောင်ဖန်တီးပေးချင်တယ် ဒါဟာ သူ့ကိုယ်သူမသိလိုက်ခင်မှာ ဖြစ်ပေါ်လာတဲ့ shine အပေါ်ထားတဲ့ စေတနာလှလှကလေးတွေပေါ့ ....
