...... နေ့စဥ်ရုံးသွားရတိုင်း မြင်ရတဲ့မြင်ကွင်းတွေဟာ အရင်တိုင်း မပြောင်းမလဲရှိနေဆဲ....
နေ့တိုင်း ဒီလမ်းကို shine လျှောက်ရသည်
ဒီအဆောက် အဦးတွေရှေ့က ဖြတ်ရသည်
မျက်မှန်းတန်းမိတဲ့ လူတစ်ချို့ကိုလည်း အရင်နေ့တွေလိုပင်တွေ့ရသည်....သို့သော် ....
ယခုတော့ သူ့ရုံးသွား ရုံးပြန်မနက်ခင်းတွေဟာ အသက်၀င်အရောင်အသွေးစုံခဲ့လေပြီ
အေးစက်ခြောက်ကပ်တဲ့ လမ်းမပေါ်လျှောက်ရလည်း သူအထီးကျန်မဆန်တော့ လူလစ်ရင်လစ်သလို သူ့လက်ချောင်းတွေကို ယှက်ငင်ဆုပ်ကိုင်တက်တဲ့ အမျိုးသားလေးကြောင့် နှလုံးသားဟာ နွေထွေးအသက်၀င်ခဲ့ရလေပြီ ...."လွှတ်တော့ လူတွေမြင်သွားလိမ့်မယ်...."
Shine သူ့လက်ကို ရုန်းရင်းပြောတော့ vita မျက်နှာအနည်းငယ်တည်သွားတယ်...
"အခုခေတ်မှာ ဒါမျိုးကဘာဆန်းတော့လို့လဲ shine ရယ် မောင့်ကလေးကို သူများကဲ့ရဲ့ပြောဆိုတာခံရတဲ့ထိ အမြင်မသင့်ဖြစ်ရအောင် မောင်မလုပ်ပါဘူး အဲဒါကိုတော့စိတ်ချပါ ဒါပေမဲ့ ဘယ်သွားသွား လက်ကလေးတော့ ကိုင်ထားချင်တယ် အခုရော နောက်ရော တစ်သက်လုံး ကလေးရဲ့လက်ကိုဆုပ်ကိုင်ထားချင်တာ မောင်ကတော့ဘယ်သူဘယ်လိုမြင်မလဲ ဂရုမစိုက်တက်ဘူး ကလေးကိုလည်း ဂရုမစိုက်စေချင်ဘူး ဒါပေမဲ့ မောင့်ဘက်က ဖိအားပေးသလိုဖြစ်သွားမလားတော့ စိုးရိမ်မိတယ် ..."
ဒီလိုကျ shine စိတ်မကောင်း
သူကပဲ အဖြစ်သဲနေမိသလား တွေးရပြန်တယ်
တကယ်ဆို အခြားသူတွေအမြင်ကို အဲဒီလောက်ဂရုစိုက်ဖို့မှမလိုတာ သူဘာကိုတွေးကြောက်နေမိတာပါလိမ့် ...."မဟုတ်တာ vita ရယ်
မင်းစိတ်မကောင်းဖြစ်သွားလားဟင် ... ""အင်း ဖြစ်တယ် အပြင်သွားရင် မောင်နဲ့ခွာပြီးလမ်းလျှောက်တာရော လူတွေမြင်ရင် မောင့်လက်ကိုလွှတ်ချတာရော အပြင်မှာ ငါနဲ့မင်းသုံးပြီး စကားပြောတာရော မောင့်ကားနဲ့အကြိုအပို့လုပ်ပေးမယ်ပြောတာကို လက်မခံတာရော နည်းနည်းတော့စိတ်မကောင်းဖြစ်ရတာပေါ့ ... "
