ဆူဆူညံညံလူသူသံတွေ dj သံတွေဆူညံနေတဲ့ ကလပ်ထဲ အများနီးတူ ကခုန်ပျော်ပါးမနေနိုင်သူတစ်ဦးရှိနေခဲ့တယ်....
အခြားသူတော့မဟုတ် vitamin တဖြစ်လဲသိန်းမြတ်မင်းပေတည်း....
"ဟေ့ကောင် vita ဘာလုပ်နေတာလဲကွ နာရီကြည့်လိုက်ဖုန်းကြည့်လိုက်နဲ့ လာစမ်းပါကွာ ကရအောင်...."
အလုပ်အတူလုပ်နေကျ ကိုခန့်မင်းဆိုတဲ့လူက vita အနားရောက်လာပြီး လက်မောင်းကိုလှမ်းဆွဲလိုက်တယ်....
သို့သော် ထိုလူရဲ့ခန္တာကိုယ်သာဟန်ချက်ပျက်သွားတယ် vita ကတော့နေရာကရွေ့ပါမသွား....
"တော်ပြီဗျာ နောက်မှထပ်ဆုံမယ် ခုအိမ်ပြန်တော့မယ်...."
"ဟ မင်းကဘာလဲ ခုဏလေးကမှ ကလပ်ထဲရောက်တာလေ အရင်ဆိုဒီလိုမဟုတ်ပါဘူး ဘာဖြစ်နေတာလဲ မသိရင်အိမ်မှာကျန်ခဲ့တဲ့ မိန်းမကို စိတ်မချဖြစ်နေတဲ့ပုံနဲ့...."
ကိုခန့်မင်းစကားကြောင့် shine ဆီစာပို့ဖို့လုပ်နေတဲ့ vita ရဲ့လက်တွေခဏတာရပ်တန့်သွားတယ်...
"ဟာဗျာ ခင်ဗျားဘာတွေပြောနေတာလဲ ...."
ဘာကြောင့်မှန်းမသိ vita စိတ်ထဲထူပူသွားရတယ်...
"ငါပြောမယ် သားကြီး ဟိုးဘက်ထောင့်စားပွဲက ကောင်လေးမင်းကိုခဏခဏလှမ်းရှိုးနေတာကွ မင်းကြည့်လိုက် ဆွယ်တာလိမ္မော်အကျပ်နဲ့ဂျင်းအနက်၀တ်ထားတဲ့တစ်ယောက်လေ သူက ဒီနယ်ပယ်မှာ နာမည်ကြီးတယ်နော် မာနတအားကြီးတာ တော်ရုံလူမရောဘူး တကယ့်အသိုင်း၀ိုင်းကြီးထဲကလို့ကြားဖူးတယ်...."
ကိုခန့်မင်း မျက်စပစ်ပြတဲ့ဘက်ကို vita လှည့်မကြည့်
တကယ်ဆို သူ့ကို အထာပေးနေမှန်း မသိရလောက်အောင်တုံးတဲ့သူမှမဟုတ်တာ ဒီတိုင်းစိတ်မ၀င်စားလို့သာ မသိသလိုဟန်ဆောင်နေတာ....ခုဏ toilet သွားပြီးအပြန် အဲဒီကောင်လေးနဲ့၀င်တိုက်မိမလိုဖြစ်ခဲ့သေးတယ် သူအမြန်ရှောင်ပြီးလှည့်မကြည့်ဘဲထွက်လာခဲ့တာလေ အဲဒီတုန်းက shine ဆီစာပို့နေရင်းနဲ့မို့ သေချာသတိမထားမိပေမဲ့ လိမ္မော်ရောင်တောက်တောက်ဆွယ်တာအကျပ်ကိုတော့ သူသတိထားမိခဲ့တယ်....
