3 - အင်တာဗျူး

101 17 1
                                    

အင်တာဗျူး

" မင်း တစ်ယောက်တည်း အခန်းထဲ ဘာလုပ်နေတာလဲ "

တစ်ဖက်ခန်းမှ ဆူညံသံများ ကြားရ၍ ဖူရှင်းဟွေ့က ကျယ်ကျယ်လောင်လောင် အော်မေးလာခဲ့ပေသည်။

" အားးးး "

ကျန်းစီရိသည် တံခါးဖွင့်ပြီးလက်မောင်းများဆန့်တန်း၍ အော်ဟစ်ရင်း တစ်ဖက်သူဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့လေသည်။

ဖူရှင်းဟွေ့ခမြာ ရှောင်ရှားချိန်ပင်မရလိုက်ဘဲ ကျန်းစီရိ၏ပွေ့ဖက်ခြင်းအား ခံလိုက်ရတော့ သည်။

ထိုအချိန်ဧည့်ခန်းထဲမှအသံတစ်သံထွက်လာခဲ့ကာ - " မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ "

ကျန်းဟိုင်သည် ဘယ်ဘက်လက်၌သော့ကိုင်ထားကာ ညာဘက်လက်၌ ကုန်‌စုံဆိုင်မှ ဝယ်လာသည့် ထမင်းဘူးတစ်ဘူးကိုင်ထားပြီး သူတို့နှစ်ယောက်အား ထူးဆန်းအံ့သြ အမူအရာဖြင့် ကြည့်နေခဲ့ပေသည်။

ဖူရှင်းဟွေ့ - " ... "

ကျန်းစီရိသည် ကျန်းဟိုင်ထံသို့ စိတ်လှုပ်ရှားတကြီး ပြေးသွားပြန်ကာ - " တဟိုင် ~~~ ငါ အလုပ်လျှောက်ထားတာ ပြန်စာရသွားပြီကွ! ငါ အင်တာဗျူး သွားဖြေရတော့မှာ !! "

ကျန်းဟိုင်လည်း ပျော်ရွှင်သွားဟန်ဖြင့်

" တကယ်လား ဘယ်ကုမ္ပဏီလဲ "

" Boundless ဗိသုကာဒီဇိုင်းကုမ္ပဏီ! "

သုံးယောက်သားသည်စကားပြောရန်ကော်ဖီစားပွဲလေး၌ စုထိုင်လိုက်ကြပေသည်။ ကျန်းဟိုင်က သူ့ မိသားစုမှ စီစဉ်ပေးသည့် အလုပ်အား ရထားသည့်အတွက် ဒီဇိုင်း ကုမ္ပဏီကြီးအနည်းအကျဥ်းမှလွှဲ ဈေးကွက်ထဲရှိ အခြားကုမ္ပဏီများအား သိပ်မသိပေ။ ထို့ကြောင့် ...

" အဲ့ကုမ္ပဏီက ဘယ်ကလဲ ကောင်းရဲ့လား "

ဖူရှင်းဟွေ့က တစ်ဖက်ကနေ လှောင်ချင်ဟန်လေသံဖြင့် - " ငါတော့ ဒီကုမ္ပဏီကိုတခါမှ မကြားဖူးဘူး၊ မင်း အလုပ်ရှာတာအတော်ကြာနေပြီကို ဘယ်ကုမ္ပဏီကမှ ပြန်စာမပို့တဲ့ဟာ၊ တော်ကြာ ဘယ်သူမှမလိုချင်တဲ့မကောင်းတဲ့ ကုမ္ပဏီလည်း ဖြစ်နေပါဦးမယ် "

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now