18 - ပြေစာ

61 18 0
                                    

ပြေစာ

ရာသီဥတုက အေးလာခဲ့ပြီဖြစ်ကာ ကုမ္ပဏီရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦး အအေးမိသွားခဲ့ပေသည်။ သူသည် သူ့ဆီမှနေ အခြားသူများကူးစက်သွားမည်အားစိုးရိမ်သဖြင့် တနင်္လာနေ့၌ ဆေးလက်ဖက်ရည် အများအပြား ယူလာပြီး အားလုံးအား ဝေမျှပေး၍ နွေးနွေးထွေးထွေးနေရန် သတိပေးလာခဲ့သည်။

ကျန်းစီရိသည် သူ့သူငယ်ချင်းများ ပြောပြခဲ့သည့်သူတို့အလုပ်မှအကြောင်းများအားပြန်တွေးမိပြီး မနေနိုင်ဘဲသူ့ကုမ္ပဏီနှင့်နှိုင်းယှဉ်နေမိသည်။ထို့ကဲ့သို့နှိုင်းယှဉ်လိုက်ပြီးနောက် Boundless ၏လေထုက အလွန်သဟဇာတ ဖြစ်သည်ကို တွေ့လိုက်ရပေသည်။  ဝန်ထမ်းတိုင်းက အလုပ် ကြိုးစားပြီး၊ ကူညီတတ်ကြကာ  ရိုင်းရိုင်းစိုင်းစိုင်း ပြောမည့်သူ မရှိသလို အုပ်စုဖွဲ့ ၍ နောက်ကွယ် အတင်းတုပ်နေခြင်းမျိုးလည်းမရှိပေ။

ကုရှောင်းသည် ကျန်းစီရိ ပုံဆွဲရာ၌ မည်သူမှမကူညီရဟု ပြောထားသော်လည်း ကျူးဟုန်ကျန်က သူ့အား အကိုးအကားစာအုပ်ပေးပြီး ပိုင်လဲ့လဲ့ကကျ  မြေပုံစာအုပ် အသုံးပြုနည်းသင်ပေးခဲ့သောကြောင့်  ထင်သလောက်ကြီးလည်း "အထီးကျန်" မဆန်လှပေ။

သူအရက်မူးပြီးနောက်‌တစ်နေ့အလုပ်လာချိန် သုရွေ့ရွှမ်းကလည်း အရက်မူးပြီးနောက်ပိုင်း ခံစားရသည့်ဝေဒနာများ သက်သာအောင်ဟုဆိုကာ ပျားလက်ဖက်ရည်တစ်ဘူးပေးလာခဲ့သည်။  တစ်ချိန်တည်းဆိုသလို ညစာစားပွဲ၌ ကျန်းစီရိအား ဝိုင်တိုက်ခဲ့ကြသူများကလည်း အလေးအနက်မထားဖို့ ပြောလာခဲ့ကြသည်။

ထို့အပြင် လုပ်ဖော်ကိုင်ဖက်များသည် သူတို့ယူလာသော အရသာရှိလှသည့် စားစရာများအား တစ်ယောက်နှင့် တစ်ယောက် ဝေမျှကြကာ အုပ်စု A သာမက အုပ်စု B ကိုပါပေးကြလေသည် ။  ရှေ့တစ်ပတ်ကလည်း  ကလေးလုပ်သားသည် သူမ၏ပိုက်ဆံဖြင့်ဖရဲသီးနှစ်လုံးဝယ်လာခဲ့ပြီး သူတို့ဆီ တစ်လုံးပေးလာခဲ့သည်။

ပြောရရင် ကုရှောင်းကစည်းကမ်းတင်းကြပ်ပြီး အမြင်ကျဉ်းသော်လည်း Boundless က မိသားစုဝင်များကဲ့သို့  နွေးထွေးမှု ရှိလှသည်ဟု ကျန်းစီရိခံစားရ‌လေသည်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now