စီနီယာ
ကျန်းစီရိစာပို့လိုက်ပြီးသည့်နောက်တွင်တော့ နဂိုကတိတ်ဆိတ်ငြိမ်သက်နေခဲ့သော Group Chat က တဖန် ထပ်၍ ပေါက်ကွဲထွက်သွားခဲ့ပေသည် __
[ စူးယွမ် - ငါ ခေါင်းမူးလာပြီ! ဒါဆိုခဏတုန်းက နင် ငါတို့ကို လန့်အောင်လုပ်ခဲ့တာပေါ့! ]
[ ကျန်းဟိုင် - ဂုဏ်ယူပါတယ်! ]
[ ရန်မုန့်ရွှမ်း - ဘာတွေဖြစ်နေကြတာလဲ ]
ဖူရှင်းဟွေ့ - " ... "
[ ကျန်းစီရိ - ငါ မင်းတို့ကို လန့်အောင် လုပ်ခဲ့တာမဟုတ်ဘူး၊ ခဏတုန်းကကျ ငါ တကယ်ကိုပြီးသွားပြီထင်ခဲ့တာ ထွက်လာတဲ့ရလဒ်က ပြောင်းပြန် ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ~\(≧▽≦)/~ ]
[ စူးယွမ် - အင်တာဗျူး ဆိုတာမျိုးက ပန်းခြံထဲ လမ်းလျှောက်သလိုပဲလို့ ငါပြောခဲ့သားပဲ လစာရော ပြောပြီးပြီလား ]
[ ကျန်းစီရိ - အင်တာဗျူးကတည်းက လစာအကြောင်းတစ်ခါတည်း ပြောလိုက်ပြီးသား၊ အစမ်းခန့်ကာလအတွက်တော့ လစာကယွမ် 5000 ပဲ ရဦးမယ်၊ အချိန်ပြည့်ဝန်ထမ်း ဖြစ်သွားရင်တော့ 8000 ဘော့နပ်စ်မပါသေးဘူး ]
*** Yuan 8,000 က မြန်မာငွေနဲ့ဆို သိန်းနှစ်ဆယ် ဝန်းကျင်လောက်ရှိမယ်
[ စူးယွမ် - မဆိုးပါဘူး ]
[ ကျန်းဟိုင် - Wow! မင်းအချိန်ပြည့်ဝန်ထမ်း ဖြစ်သွားရင် မင်းလစာကငါ့ထက်များသွားပြီဟ! ငါ့မှာက 7000 တည်းရယ် ]
[ ဖူရှင်းဟွေ့ - လစာတစ်ဝက်လောက်က အိမ်ငှားခထဲရောက်သွားဦးမှာ၊ ကျစ်! ရွှေ့ပြောင်းအလုပ်သမားလောက်တောင် မကောင်းဘူး ]
ထိုစာအား မြင်ရချိန် ကျန်းစီရိတစ်ယောက် ထိုနေရာမှ ချက်ချင်းထွက်ခွာ၍ ကုန်စုံဆိုင်မှ 15 ယွမ်တန် အသင့်စားထမင်းဘူးသာ ဝယ်စားချင်စိတ် ပေါက်သွားရတော့သည်။
[ စူးယွမ် - သူ့အပေါ် ရေအေးတွေ လောင်းချမနေနဲ့! ဟိုင်ချန်က ဆောက်လုပ်ရေးလောကထဲ ဘွဲ့ကြိုတွေ အလုပ်စဝင်ဝင်ချင်း ခြောက် ထောင် ဒါမှမဟုတ် ခုနှစ်ထောင်လောက်ပဲ ရကြတာ၊ ရှစ်ထောင်ဆိုမဆိုးဘူး ဟုတ်ပြီလား! တို့လည်း ဒီလောက်ပဲရတာ၊ အလုပ်ကြိုးစား!နှစ်ကုန်ကျ ဘော့နပ်စ်များများရအောင်လုပ် ]
![](https://img.wattpad.com/cover/365067597-288-k663574.jpg)
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
RomanceThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)