အိမ်စာထိုကဲ့သို့ အမေးခံလိုက်ရသောအခါ ကျန်းစီရိလည်း မည်သို့ ပြန်ဖြေရမှန်းမသိဖြစ်သွားခဲ့ရပြီး သူ့စိတ်တစ်ခုလုံးလည်း ရှုပ်ထွေးသွားခဲ့ရပေသည်။ ဘာအတွေးလဲ။ သူ ဘာကိုတွေးနေခဲ့တာလဲ။
သို့သော်လည်း သုရွှေ့ရွှမ်း စိတ်ဓာတ်ကျနေသည်အား အနည်းငယ်မျှ သက်သာစေရန်အလို့ငှာ သူ့ ခေါင်းအား အလုပ်ပေးရင်း ယုတ္တိရှိသည့်အကြောင်းပြချက်တစ်ခုအားစဉ်းစားရတော့သည်။
" ပထမဆုံး ငါ လူငယ်တစ်ယောက်နေထိုင်ဖို့အတွက် လက်တွေ့လိုအပ်မယ့် နေရာတွေကိုစာရင်းတစ်ခုလုပ်လိုက်တယ် စားမယ့်နေရာ၊ အိပ်မယ့်နေရာတွေပေါ့ ပြီးတော့အဲ့တိုက်ခန်းမှာ နေမယ့်လူက ငါသာဆို ငါ ဘယ်လိုနေရာမျိုးမှာ နေချင်မလဲလို့ စိတ်ကူးလိုက်တယ် ... ဥပမာအနေနဲ့ဆို ငါ တံခါးကနေဝင်သွားပြီဆိုတာနဲ့ ဧည့်ခန်းကို အရင်တွေ့ချင်တယ်၊ ဒါပေမယ့် ဖိနပ်စင်ရဲ့ညာဘက်ခြမ်းမှာ အိပ်ခန်းကိုမထားချင်ဘူး ဒါက ငါ့ကိုမလုံခြုံသလိုခံစားရစေလိမ့်မယ် ဆိုတော့ ငါကဒါကိုထောင့်ဆုံးမှာထားပြီး လသာဆောင်နဲ့ ဆက်လိုက်တယ်လေ "
သူ သုရွေ့ရွှမ်း၏ပုံများအားထပ်ကြည့်လိုက်မိသည်။ သူမ ဆွဲထားသည်မှာ အတော်လေးလှပသောကြောင့် အစကတော့ သူမည်သည့်အမှားမှ မမြင်နိုင်ခဲ့ပေ။ သပ်သပ်ရပ်ရပ်မျဉ်းများနှင့် ခြယ်ထားသည့်အရောင်များဖြင့် ကြ ည့်ရသည်မှာ အတော်လေးအဆင်ပြေလှကာ သူမ၏ ဒီဇိုင်းအရည်အသွေးအား သတိမပြုမိခဲ့ချေ။ ကုရှောင်း ထောက်ပြမှသာ တကယ်ကြီး ပြဿနာ အတော်များများ ရှိနေကြောင်း ကျန်းစီရိ မြင်နိုင်ခဲ့ခြင်းပင်။
သူလည်း ဆက်ပြောလိုက်ပေသည်။
" အိမ်ယာရဲ့အတွင်းပိုင်းဒီဇိုင်းကို ကုကုန်းက လုပ်ထားပြီး ပတ်ဝန်းကျင်အခြေအနေကို ငါတို့က လေ့လာစရာမလိုဘူးဆိုပေမယ့်လည်း လျစ်လျူတော့ ရှူထားလို့မရဘူး၊ မင်းကြည့် ဒါက ငါ ဒီဇိုင်းမဆွဲခင်ကြည့်ခဲ့တဲ့တည်နေရာပြမြေပုံပဲ အဲ့နေရာရဲ့ အနောက်မြောက်ဘက်မှာက စိမ်းစိုတဲ့မြက်ခင်းပြင်ရှိတယ် မင်းသာ လသာဆောင် သို့မဟုတ် ဧည့်ခန်းကို ဒီနေရာ နဲ့ မျက်နှာချင်းဆိုင် ထားလိုက်မယ်ဆို ရှူခင်းက သေချာပေါက်အတော်လေးကောင်းသွားမှာ ဒါပေမယ့် မင်းဒီဇိုင်းမှာကျလသာဆောင်ရဲ့အရှေ့တောင်ဘက်ကို မကြာခင်ဖြိုချမယ့် အဆောက်အအုံနိမ့်တွေဘက် မျက်နှာမူထားတော့ အလင်းရောင်အတွက် ပြဿနာမရှိပေမယ့် စိမ်းလန်းတဲ့ ရှူခင်းကို လျစ်လျူရှူထားလိုက်သလိုဖြစ်သွားတာပေါ့ "
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
RomanceThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)