အလုပ်ကိစ္စခရီး
ထိုည ကျန်းစီရိအိမ်ပြန်ရောက်ချိန် ဆယ်နာရီနီးပါးပင်ရှိနေခဲ့ပြီဖြစ်သည်။
မြေအောက်ရထားစီးနေစဥ်တုန်းက ဝန်ထမ်းရေးရာ ဌာနမှနေ သူ့ဆီ မနက်ဖြန် ဖလိုက်နှင့်ပတ်သက်သည့် အချက်အလက်များပို့လာခဲ့ပြီး လေယဉ်ဖလိုက်အချိန်ကမနက်ဖြန်မနက် 7:05 ပင်။
သူသည် အိပ်ရာပေါ်ပစ်လှဲလိုက်ရင်း မယုံနိုင်သလို ခံစားနေခဲ့ရသည် ... မနက်ကမှ သူ ကုရှောင်းအား သူလုပ်ရမည့်အလုပ်တွေပြောင်းပေးဖို့ ပြောရမည့်အရေး ရုန်းကန်နေခဲ့ရကာ မနက်ဖြန်ကျ ကုရှောင်းနှင့်အတူ ခရီးထွက်ရတော့မည်မဟုတ်ပါလား။
ထိုအချိန် သူ့ဖုန်းက တုန်ခါလာခဲ့ကာ ကျန်းစီရိကြည့်လိုက်ချိန် နံပါတ်စိမ်းတစ်ခုနှင့် ပို့လာသည့်စာတစ်စောင်ဖြစ်နေကြောင်းတွေ့လိုက်ရပေသည်။ အနှောင့်အယှက်ပေးသည့်ပွဲစားများဆီမှ စာထင်၍ ဖျက်ပစ်ရန် လုပ်နေတုန်းစာတစ်ကြောင်းအား အမှတ်တမဲ့မြင်လိုက်ရ သဖြင့် သူလည်း ဖတ်ကြည့်လိုက်မိသည်။
[ မနက်ဖြန်ကျ လေဆိပ်ကို 45 မိနစ် ကြိုလာဖို့ မမေ့နဲ့၊ နောက်မကျစေနဲ့ ]
ကျန်းစီရိလည်း အံ့ဩသွားရကာ အလျှင်အမြန်ပင် ထထိုင်လိုက်မိပြီး အင်တာဗျူးစဉ်က ကုရှောင်းသူ့အားပေးခဲ့သည့်စီးပွားရေးကတ်အား ယူထုတ်၍ ယခုပို့လိုက်သည့် နံပါတ်နှင့်နှိုင်းယှဉ်လိုက်မိသည်။ တကယ်ကိုကုရှောင်းနံပါတ်ပင်။
သူလည်း ချက်ချင်းဆိုသလို [ ဟုတ်ကဲ့ ] ဟုစာပြန်လိုက်ပြီး ထိုနံပါတ်အား Contact List ထဲထည့်လိုက်ပေသည်။
သူသည် မနက်ဖြန်ကျ လေဆိပ်သို့ 45 မိနစ်ကြို၍သွားရမည်ဖြစ်ပြီး ဆိုလိုသည်မှာ 6:20 မတိုင်ခင်ကတည်းက သူလေဆိပ်ရောက်နေရမည်ဖြစ်သည်။မြေအောက်ရထားစီးရမည့်အချိန်ကိုပါ ထည့်တွက်မည် ဆိုပါက နောက်အကျဆုံး 5:10 ၌ အိပ်ရာထရပေလိမ့်မည်။ သေစမ်းကွာ!
အချိန် တွက်ကြည့်လိုက်ပြီးနောက် ကျန်းစီရိလည်း အချိန်ထပ်မဆွဲရဲတော့ပေ။ သူ့ပစ္စည်းများကြားမှ ကင်မရာအားရှာဖွေ၍ အားသွင်းထားလိုက်ပြီး ထို့နောက် ရေချိုးခန်းသွားကာ အလျှင်အမြန်ရေချိုးလိုက်တော့သည်။
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
Storie d'amoreThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)