အလင်းရောင်
အစည်းအဝေးခန်း အတွင်းရှိ လူအတော်များများသည်လည်း လင်းကျီရှီးကဲ့သို့ပင် အလွန် အမင်း အံ့ဩသွားခဲ့ကြပေသည်။
ဖန်းရွှမ်က ပရောဂျက်အကြောင်း ရှင်းပြနေခဲ့သော်လည်း လူအများစုကတော့အသေးစိတ်အချက်များကိုပင်ဂရုမစိုက်ကြတော့ဘဲလီလီပန်းပုံဒီဇိုင်းထဲတွင်သာနှစ်မြောနေကြသည်။
မည်သို့ပင်ဆိုစေ၊ အဆောက်အအုံများ နေရာချထားပုံကတော့ သူတို့အုပ်စုပလန်နှင့် တူတူပင် ။ သို့သော်ငြား အုပ်စု A ၏ဒီဇိုင်းက စည်းမျဥ်းများနှင့်အညီ ကုန်ကျစရိတ်သက်သာစေရန်အခြေခံထားခြင်းဖြစ်ပြီး အုပ်စုB ရဲ့ဒီဇိုင်းကတော့ နယ်မြေတစ်ခုလုံး၏ လမ်းများအား ပွင့်ချပ်များအဖြစ် ခွဲထုတ်ကာ ပန်းပွင့်ပုံ ဖော်ထားခြင်းပင်။
သေချာကြည့်ပါက ပန်းကလည်း လီလီပန်းမဟုတ်ဘဲ လီလီပန်းနှင့်အလွန်တူသည့် တရုတ် Daffodil ပန်းပင်။
ဖန်းရွှမ်ရှင်းပြချက်အရထိုပန်းက Z မြို့တော်ရဲ့ ပန်းဖြစ်ကာ ပြန်လည် မွေးဖွားခြင်းနှင့် နှစ်ပေါင်းတစ်ရာတိုင်ကြွယ်ဝခြင်းဟုအဓိပ္ပါယ်ရပြီး၊ အုပ်စု B က မြို့တော်အား အသစ်ဖန်တီးရန် ရည်ရွယ်၍ ဖန်တီးထားခြင်းပင်။
ဖန်းရွှမ်ပြောပြီးချိန်တွင်တော့ အခန်းထဲရှိ လူတိုင်းကလည်း စိတ်လှုပ်ရှားမှုများ ပြသလာခဲ့ကြတော့သည်။ ထိုကဲ့သို့ ဒီဇိုင်းမျိုးက အလွန် အမင်းမျက်စိဖမ်းစားနိုင်ပြီး တီထွင်နိုင်စွမ်းရှိလွန်းလှသည်မဟုတ်ပါလား။
အုပ်စု B အဖွဲ့ဝင်များကလည်းထိုတုံ့ပြန်ချက်အား မျှော်လင့်ထားပြီးသား ဆိုသည့်ဟန်ဖြင့်အခန်းထဲရှိ လူတိုင်းအား ယုံကြည်မှု ရှိစွာဖြင့်ကြည့်လာခဲ့ကြသည်။
သို့သော်ငြား ကျန်းစီရိကတော့ ထိုအစီအစဉ်က တစ်ခုခု မှားနေသလို ခံစားနေရပေသည်။ အုပ်စု B ၏ပလန်က ကြည့်ရတာ အတော်လှသော်ငြား လက်တွေ့မဆန်ပေ။
သူတို့က ပြိုင်ဘက်များ ဖြစ်နေသောကြောင့် ထိုကဲ့သို့ခံစားနေရခြင်းလားဆိုသည်ကိုတော့ သူလည်း မပြောတတ်ချေ။
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
RomanceThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)