အလှည့်အပြောင်း
ညက ဆောင်းဦးမိုး ရွာထားသဖြင့် မနက်ခင်းဘက်၌ အတော်လေးအေးနေခဲ့ကာ ကျန်းစီရိ အိမ်တံခါးဝမှ ထွက်လိုက်သည်နှင့် လေအေးများကြောင့် ခိုက်ခိုက်တုန်သွားရသည်။
သူ ကုမ္ပဏီသို့ ရောက်ချိန် အောက်ထပ်ဆိုင်မှ ဘန်းကိတ်နှစ်လုံးဝယ်ယူလိုက်ကာ ထို့နောက် မအောင့်ထားနိုင်တော့ဘဲ အပေါ်မတက်သေးခင် လမ်း၌တင် စားတော့သည်။ မုန့်အားတစ်ကိုက်, ကိုက်လိုက်သည်နှင့် မျက်လုံးထောင့်မှနေရင်းနှီးနေသည့်အရိပ်အယောင်တစ်ခုအားဖျတ်ခနဲတွေ့လိုက်ရပေသည်။
ထိုသူကတော့ ကုရှောင်းပင် ။ ကုရှောင်းသည် သူတို့ အလုပ်ကိစ္စခရီးသွားသည့်နေ့က ပတ်ခဲ့သည့်လည်စီးပုဝါအားပတ်ထားကာ လက်ထဲ ကော်ဖီတစ်ခွက်ကိုင်ရင်း ခပ်လှမ်းလှမ်းရှိပန်းစင်ဘေးထိုင်၍ မြေပြင်အား အမူအရာမဲ့စိုက်ကြည့်နေခဲ့လေသည်။
အုံ့မှိုင်းမှိုင်းကောင်းကင်နောက်ခံနှင့် သူ့အနား ပတ်ပတ်လည်က သွားလာ လှုပ်ရှားနေသူတို့ကြား သူ၏ပုံစံက ပတ်ဝန်းကျင်နှင့် လုံးဝ ကွဲထွက်နေပြီး ကျောက်ရုပ်တစ်ရုပ်အတိုင်းပင်။
တစ်ဖက်သူ၏မျက်နှာအမူအရာအား ကျန်းစီရိ မမြင်နိုင်သော်ငြား ထိုပုံစံအားကြည့်ပြီး ကုရှောင်းကအလွန်အထီးကျန်နေသည်ဟု ခံစားလိုက်ရပေသည်။
သူ မနေနိုင်ဘဲ မနေ့ကဖြစ်ခဲ့သည့်ကိစ္စများကို ပြန်တွေးကြည့်မိပြန်သည် ။ လူဆယ်ယောက်ခန့်ရှိသည့်အဖွဲ့အားဦးဆောင်နေသည့်ဘောစ့်တစ်ယောက်အနေဖြင့် ကုရှောင်းက သူ့ ခံစားချက်များအား သူတို့ ရှေ့တွင်တော့ ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုကဲ့သို့ရလဒ်မျိုးကြုံလာရင်တော့ မည်သူမဆို စိတ်ဓာတ်ကျမိလိမ့်မည်သာ။
တစ်ဖက်သူကတည်ငြိမ်ရင့်ကျက်လွန်း၍သာ ကုရှောင်းက အသက်နှစ်ဆယ့်ရှစ်အရွယ်သာရှိသေးသည့်လူငယ်တစ်ယောက်ဖြစ်ကြောင်း ကျန်းစီရိ မေ့နေခဲ့ခြင်းပင်။ ကလေးလုပ်သားထက်နှစ်နှစ်မျှငယ်ကာ ဗိသုကာပညာရှင်များထဲတွင်တော့ အတော်ငယ်သေးသည်ဟု ပြောရမည်ပင်။
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
Lãng mạnThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)