8 - အချိန်ပိုဆင်းခြင်း

69 13 1
                                    


အချိန်ပိုဆင်းခြင်း

မိနစ် လေးဆယ်ခန့် ကြာပြီးနောက် ကုရှောင်း ပြန်ရောက်လာခဲ့ပြီး ရုံးပြန်ချိန်ထက်နာရီဝက်ကျော်သွားခဲ့ပြီဖြစ်သည်။

အချိန်ပိုဆင်းရန်မလိုသည့် ဝန်ထမ်းတစ်ဝက်လောက်က ပြန်သွားခဲ့ပြီဖြစ်ကာ ပိုင်လဲ့လဲ့နှင့်ကျူးဟုန်ကျန်တို့  အပါအဝင်  ကျန်တစ်ဝက်လောက်ကတော့ သူတို့၏ ပစ္စည်း ပစ္စယများသိမ်းဆည်းနေကြပြီဖြစ်သည်။

အဆုံးတွင်တော့ D မြို့၌တည်ဆောက်ရမည့် အဆောက်အအုံ ပရောဂျက်အဖွဲ့မှ လူနည်းစုသာ အချိန်ပိုဆင်းရန်ကျန်ရစ်ခဲ့ကြ‌ပေသည်။ 

အလုပ်မဆင်းခင် သူ အပြီးသတ်ရမည့်ဒီဇိုင်းကိုသာ ဆွဲနိုင်မည်ဆိုပါက ကျန်းစီရိကတော့ အချိန်ပိုဆင်းရန် မလိုအပ်ချေ။

သူ့ဘောင်းဘီအိတ်ကပ်ထဲရှိ ဖုန်းက အဆက် မပြတ်တုန်ခါနေခဲ့ပြီး၊ သူ့ သူငယ်ချင်းများက ချိန်းဆိုထားသည့်နေရာသို့ တူတူသွားဖို့ ပြောနေကြခြင်းပင်။ ထို့အပြင် သူတို့သွားကြမည့်နေရာအကြောင်း အားတက်သရောပြောနေခဲ့ကြပေသည်။ သို့သော်ငြား ယနေ့တွေ့ဆုံပွဲ၏ အဓိကဇာတ်ကောင်ဖြစ်သူ ကျန်းစီရိကတော့ မပြန်နိုင်သေးသလို၊ ပြန်လည်း မပြန်ရဲပေ။

မနက်ဘက် အင်တာဗျူးတုန်းက သူ အချိန်ပိုဆင်းနိုင်ပါသည်ဟု ကုရှောင်းအား ပြောထားပြီးသားပင်။ ထို့ကြောင့် အလုပ် ပထမဆုံးနေ့ ၌ပင် ခိုးကြောင်ခိုးဝှက် ပြန်သွားမည်ဆိုပါက  သေခြင်းတရားအားရင်ဆိုင်ရသည်နှင့် တူတူပင် ဖြစ်သွားမည်မဟုတ်ပါလား။

ကုရှောင်းပြန်မလာခင်တုန်းကတော့ ကျန်းစီရိသည် တစ်ဖက်သူပြန်သွားပြီဟု ထင်မိကာ သူကတော့ အရူး လုပ်ခံလိုက်ရပြီဟု တွေးနေခဲ့မိ သည်။

အမျိုးသမီး သန့်စင်ခန်းများနှင့် အမျိုးသား သန့်စင်ခန်းများအား ဖြစ်သလို စီစဉ်နေရင်း WeChat Group ထဲမှ သူငယ်ချင်းများဆီသို့ အချိန်ပို ဆင်းရမည်ဖြစ်၍ နည်းနည်း နောက် ကျမည်ဖြစ်ကြောင်းစာပို့ထားလိုက်ပေသည်။

ထိုစာက သူ့အား စောင့်ဆိုင်းနေကြသည့် သူ့သူငယ်ချင်းများအား ချော့သိမ့်ပေးသည့်စာလား၊ သူ့ ကိုယ်သူ နှစ်သိမ့်ပေးသည့် စာလားမှန်းပင် သူ မသိတော့ချေ။ အကြောင်းမှာ သူ အချိန် မည်မျှကြာအောင် ဆက်နေရမည်မှန်း သူ သေချာ မသိသောကြောင့်ပင်။ ခုချိန် သူ သိသည်မှာ ညစာအတွက် အပြေးလေး သွားလိုက်ချင်သည်သာ။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now