အလုပ်ခန့်ခြင်း
ထိုမေးခွန်း များကြောင့် ကျန်းစီရိလည်း ပို၍ စိတ် ရှုပ်ထွေးသွားရသည်။ ကုရှောင်းအား မတွေ့ ခင်ကတော့ သူသည် ထိုအလုပ်ကတော့ သူ့ အပိုင်ပဲဟု တွေးလိုက်မိပြီးဖြစ်ကာ လစာ မည်မျှပြောမည်အထိပါ တွေးနေခဲ့ပေသည်။
သိသိသာသာပင် သူ အတွေး လွန်သွားခဲ့ချေပြီ။
သို့သော်လည်း ကုရှောင်းက ထိုမေးခွန်း မေးလာခဲ့ပြီဆိုမှတော့ သူ့မှာ ဖြေဖို့အပြင် အခြားရွေးချယ်စရာ မရှိပါချေ။ မည်သို့ပင် ဆိုစေ၊ အခြေအနေက သူ့အတွက် ရှက်ဖို့ကောင်းနေပြီးသားပင်ဖြစ်ကာ ယခုလက်ရှိ အချိန်ထက်တော့ ပို၍မဆိုးနိုင်တော့ပေ။
သူလည်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ အိုးပဲခွဲပစ်လိုက်ရမလား ပြန်လည် တိုက်ခိုက်ရမလား မသိဝောာ့ဘဲ အလျင်စလို ဖြေလိုက်မိသည်။
" ကျနော် ဗိသုကာပညာကိုလေ့လာဖြစ်ခဲ့တာက တကယ်တော့အထက်တန်းကျောင်းတုန်းကစီနီယာတစ်ယောက်ရဲ့လွှမ်းမိုးမှုကြောင့်ပါ "
ကုရှောင်း - " အိုး? "
ကျန်းစီရိ - " ကျနော် အထက်တန်း ပထမနှစ်တုန်းက T တက္ကသိုလ်မှာ ဗိသုကာ ပညာသင်ယူနေတဲ့ ကျောင်းသားဟောင်း တစ်ယောက် ကျောင်းကိုပြန်လာပြီး စိတ်အားတက်ကြွစေမယ့်မိန့်ခွန်းတစ်ခုပြောခဲ့တယ် သူက ကျနော်တို့မြို့ရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အဆင့်တစ်ရခဲ့တာ ပြီးတော့ T တက္ကသိုလ် ဗိသုကာမေဂျာဌာနကို ပြည်နယ်တစ်ခုလုံး အဆင့်နှစ် နဲ့ ဝင်ရောက်ခဲ့တာ အဲ့အချိန်တုန်းက သူပြောခဲ့တဲ့စကားတွေက ကျနော့်အပေါ် တော်တော်လေး လွှမ်းမိုးနိုင်ခဲ့တာ "
တရုတ် နိုင်ငံ၏ တက္ကသိုလ် အားလုံး နီးပါး၌ ဗိသုကာ မေဂျာက အမှတ် အမြင့်ဆုံး မေဂျာတစ်ခုဖြစ်ပြီး အထူးသဖြင့် Tတက္ကသိုလ်ပင်။ ထိုတက္ကသိုလ် ဗိသုကာမေဂျာဌာန၌ နိုင်ငံ၏ အတော်ဆုံး သိပ္ပံကျောင်းသား တစ်ဝက်နီးပါးခန့် ရှိလေသည်မဟုတ်ပါလား။
ထိုအရာက ရှောင်လွဲမရပါချေ။ ထိုအချိန်က တိုင်းပြည်သည် တိုးတက်နေဆဲ အဆင့် ဖြစ်ကာ နေရာတိုင်း၌ ဆောက်လုပ်ရေးများအား မြင်တွေ့နိုင်သည်ပင်။
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
RomansThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)