တွေ့ဆုံကြခြင်း
ကျန်းစီရိ လုပ်ငန်းကတ် ပေးလိုက်သည့်တစ်ယောက်က ထိုည၌ သူ့ထံသို့ဖုန်းဆက်လာပြီး အိမ်ဝယ်ချင်လားဟု မေးလာခဲ့လေသည်။
ထိုအချိန် ကျန်းစီရိသည် ဖူရှင်းဟွေ့နှင့်အတူ ညစာ စားနေခြင်းဖြစ်ပြီး၊ စိတ်ကောင်းဝင်နေသဖြင့် သူလည်း သာမာန်ကာလျှံကာပင် ပြန်မေးလိုက်မိသည်။
" အိမ်ဈေးကဘယ်လောက်လဲ "
" မာစတာကျန်းက ဘယ်လိုနေရာမှာဝယ်ချင်တာလဲ၊ ဘယ်လို အရွယ်အစားကို လိုချင်တာလဲ၊ နေရာအမျိုးမျိုး ဈေးအမျိုးမျိုးရှိတယ်ဗျ၊ ကျနော်ကတော့ ခင်ဗျားရဲ့ ကုမ္ပဏီ အနီးတဝှိုက်ကို တာဝန်ယူထားတဲ့သူပါ ဒီနေရာက လူဦးရေထူထပ်တော့ အိမ်သစ်တော့ မရှိဘူး၊ ဒါပေမယ့် တစ်ပတ်ရစ်အိမ်တွေတော့ရှိတယ် "
ထို့နောက် ထိုသူက ဂရုတစိုက်ဖြင့် မေးလာခဲ့သည်။
" ခင်ဗျားက တစ်ယောက်တည်းနေတာလား၊ ဒါမှမဟုတ် မင်္ဂလာအိပ်ခန်းပါတဲ့ အိမ်မျိုးကို ဝယ်ဖို့ စီစဉ်နေတာလားဗျ "
ကျန်းစီရိကတော့ ဈေးကွက် သဘောတရားအား နားမလည်ပါချေ။ ထို့ကြောင့် သူလည်း အရှိအတိုင်းပင် - " ကိုယ့်တစ်ယောက်တည်း နေတာပေါ့ဟ၊ လက်ထပ်ဖို့က အဝေးကြီးလိုသေးတယ် CBD အနီးတဝှိုက် စကွဲမီတာတစ်ရာလောက် ရှိတဲ့အိမ်မျိုးပေါ့ "
[ CBD - Beijing Central Business District ]
ထိုပွဲစားက စိတ်အားထက်သန်စွာဖြင့် - " အိုး! မင်းလိုချင်တဲ့အိမ်မျိုး ကျနော့်ဆီမှာနှစ်လုံးရှိတယ်၊ တစ်လုံးကကျ A ရပ်ကွက်မှာဗျ၊ ဈေးကတော့ 8 သန်းအောက်ပေါ့၊ နေရာက ... "
" ဘာရယ်! မင်း ဘာပြောတာလဲ? "
ကျန်းစီရိတစ်ယောက် သူ နားကြားမှားသည်ဟု ထင်လိုက်သဖြင့် ကြားဖြတ်၍ မေးလိုက်မိသည် - " ရှစ်သန်း ? "
ပွဲစား - " ဟုတ်တယ်ဗျ၊ ဒါက တစ်ပတ်ရစ်အိမ်တွေရဲ့ဈေးပဲ တစ်ယူနစ်ကို ပျှမ်းမျှ ယွမ် 70,000 နဲ့ ဧရိယာ တစ်ရာစကွဲမီတာဆိုရင် ... "
" ဆောရီး ငါ စိတ်မဝင်စားတော့ဘူး၊ နောက်ရက်ကျမှပြောကြတာပေါ့! "
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
RomanceThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)