တိုက်ခိုက်ခြင်း
ကုရှောင်းသည် ကျန်းစီရိအား ဆယ်မိနစ်ခန့် လဲလျောင်း ခွင့်ပြုထားခဲ့ကာ၊ သန့်စင်ခန်းသို့သွား၍ လက်ဆေးလိုက်ပြီး၊ ထို့နောက် ညစာစားဖို့ အောက်ဆင်းရန် တစ်ဖက်သူအား ခေါ်လိုက်ပေသည်။
ကျန်းစီရိတစ်ယောက် အလွန်အမင်း ပင်ပမ်းနေ၍ မည်သည့်စားချင်စိတ်မှ ရှိမနေပေ။ သူသည် ယောင်ယမ်းနေသည့် ခြေထောက်များဖြင့် ထရပ်လိုက်ရင်း သူ့ခန္ဓာကိုယ် တစ်ခုလုံးက ဟိုဘက် ဒီဘက် ယိမ်းနေတော့သည်။ ကုရှောင်းသာ သူ့အားမခေါ်လျှင် သူ ဘာမှမစားဘဲ အိပ်ပျော်သွားနိုင်သည်သာ။
ကုရှောင်းလည်း ကျန်းစီရိ အိပ်ပျော်သွားမည်စိုး၍ အမြန်ဆုံးထရန် နှိုးဆော်တော့သည်။
နေ့လည်စာစားတုန်းကရခဲ့သည့် စိတ်ဒဏ်ရာကြောင့် အောက်ထပ်သို့ရောက်လာပြီးနောက် ကျန်းစီရိသည် ကုရှောင်းက သူ့အား ဈေးပေါပေါသရေစာဆိုင်သို့သာ ခေါ်ဆောင်သွားလိမ့်မည်ဟု စိတ်ပိုင်းဆိုင်ရာအရကြိုတင်ပြင်ဆင်ထားခဲ့ပေသည် ။ ဒီမကောင်းဆိုးဝါး ကပ်စီးနဲကြီးက နေ့လည်တုန်းကလည်း ကိတ်မုန့် တစ်ခုပဲ ဝယ်ကျွေးပြီး ညရောက်တော့လည်း ဈေးပေါတဲ့ ဟိုတယ်မှာ တည်းတာလေ။ ဒီခရီးစဉ်နှင့် ပတ်သက်ပြီး သူ့ ထံ၌ ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။
ဟိုတယ်မှ ထွက်လာပြီးနောက် ကျန်းစီရိတစ်ယောက် ခါးသီးမှုများ အပြည့်ဖြင့် ကုရှောင်းနောက်မှသာလိုက်နေခဲ့မိသည်။ ကုရှောင်းက လက်ထဲ၌ ဖုန်းကိုင်ထားကာ၊ ဖုန်းထဲရှိ မြေပုံအား ကြည့်၍ ကွေ့လိုက် ပတ်လိုက် သွားရင်း နောက်ဆုံး ဆိုင်အသေးလေးတစ်ခုသို့ ရောက်ရှိသွားခဲ့ပေသည်။
သို့သော်ငြား ထိုဆိုင်က သရေစာဆိုင် မဟုတ်ဘဲ ခေါက်ဆွဲဆိုင် တစ်ဆိုင်ဖြစ်ကာ ခုံတိုင်းကလည်း လူအပြည့် ဖြစ်နေခဲ့သည်။
လတ်ဆတ်ပြီး မွှေးကြိုင်သည့် သဲလက်ဖက်ဆော့စ်ခေါက်ဆွဲရနံ့က ပျံ့ လွှင့်လာခဲ့ကာ ထိုရနံ့ကြောင့် ကျန်းစီရိလည်း သူ့ အားအင်များ ပြန်ရလိုက်သလိုပင်။
နှစ်ယောက်သားသည် စားပွဲဝိုင်းအလွတ်၌ မထိုင်ရခင် တစ်မိနစ်လောက်စောင့်လိုက်ရပေသည်။ ကုရှောင်းက ကင်းမွန်၊ ဝက်ဗိုက်သား၊ ငါးတို့ဟူး၊ ပုစွန်နှင့် အမဲမိုးခိုသား စသည်ဖြင့် အများအပြားမှာယူလိုက်ပြီး ဈေးလည်း သိပ်မကြီးလှဘဲ စုစုပေါင်းမှယွမ်ခြောက်ဆယ်ပင် မပြည့်ပေ။
YOU ARE READING
လက်ထောက်ဗိသုကာပညာရှင်လေး
Lãng mạnThis story is not mine and just a fun translation.I don't own any part of this story and all the credits will go to the original author, publisher and translator.Both Unicode and Zawgyi are available.Enjoy it. :)