10 - အလုပ်လုပ်နိုင်စွမ်း

73 18 0
                                    

အလုပ်လုပ်နိုင်စွမ်း

ပိုင်လဲ့လဲ့က ရှင်းပြလာခဲ့သည်။

" အဲ့ဒီ Cactus လုံးအသေးလေးကအပင်ကြီးရဲ့အမြစ်ကနေခွဲထွက်လာပြီး အခြားအိုးတစ်အိုးထဲ ပြောင်းစိုက်ထားတာ၊ ပြောရရင် တစ်ပင်တည်းပဲ၊ အဲ့ကြောင့် ဘောစ့်က နှစ်ပင်လုံးကို ဂရုစိုက်နေတာလေ "

ကျန်းစီရိ - " ... "

" ပြီးတော့ နောက်ထပ်ဇာတ်လမ်းတစ်ခုကျန်သေးတယ် "

ပိုင်လဲ့လဲ့က လည်ဆန့်၍ ကုရှောင်း၏ရုံးခန်းအားကြည့်လိုက်ပြီးမှ အသံတိုးတိုးဖြင့်

" လွန်ခဲ့တဲ့ နှစ်လ၊ မေလကုန်ခါနီးလောက်ကပေါ့ အမျိုးသမီးအလုပ်သင်တစ်ယောက် တို့အဖွဲ့ထဲရောက်လာခဲ့တယ်၊ ပြောကြတာတော့ သူက T တက္ကသိုလ်က ဘော့စ်ရဲ့ ဂျူနီယာတဲ့ "

" အိုး? "

ကျန်းစီရိလည်း  တစ်ဖက်သူ အနီးသို့ တိုး၍  တောက်ပသည့် မျက်လုံးများနှင့် နားရွက်အစွင့်သားဖြင့် အတင်းအဖျင်းအား နားထောင်ရန် အသင့်ပြင်လိုက်ပေသည်။

ပိုင်လဲ့လဲ့က ကျန်းစီရိစားပွဲအား ညွှန်ပြလိုက်ရင်းပြောလာခဲ့သည်မှာ - " အဲ့မိန်းကလေးကလည်း မင်းနေရာမှာပဲ ထိုင်တာ၊ ပြီးတော့ သူလည်း ဘော့စ်ဆီက အဲ့အပင်ကိုပဲ တောင်းခဲ့တာ "

" ခဏ ခဏ "

ကျန်းစီရိလည်း သူမအား ဖြတ်၍ ပြောလိုက်မိသည် - " ရှင်းအောင်ပြောထားရဦးမယ်  အဲ့အပင်ကို ငါတောင်းခဲ့တာ မဟုတ်ဘူးနော် ကုကုန်းကိုယ်တိုင် ရှေ့ကောင်တာက‌ ဧည့်ကြိုမလေးကို ငါ့ကိုပေးဖို့ ပြောလိုက်တာ "

ပိုင်လဲ့လဲ့ - " ... "

ကျန်းစီရိစကားကြောင့် ပိုင်လဲ့လဲ့ကမျက်လုံးလှန်လိုက်ကာ

" ရုံးမှာရှိတဲ့ Cactus နှစ်အိုးလုံးကဘောစ့်ပိုင်တာ၊ အဲ့တာ နင်က သူ့ရှေ့မှာ Cactus ကြိုက်တယ်လို့ပြောတော့ အဲ့အပင်ကိုတောင်းတာနဲ့တူတူပဲပေါ့ "

ကျန်းစီရိ၏နှုတ်ခမ်းထောင့်လေးလည်းတွန့်သွားရတော့သည်။ အပင်ကြီးနှင့်အပင်သေးလေးက တစ်ခုတည်းမှန်း သူမှ မသိခဲ့တာ ... အိုင်းး ဒါကြီးက ဘာလို့ထူးဆန်းနေရတာလဲ!

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now