လမ်းထိပ်တွင် မေမေ ဖွင့်ထားသော အမဲနံရိုးပေါင်းဆိုင်လေးကရပ်ကွက်ထဲတင်မက တစ်ခြားနေရာတွေအထိနာမည်ကြီးသည်။
ဆွန်းဟန်က မေမေ့ဆိုင်တွင် နေ့လည်ခင်းကနေ ဆိုင်ပိတ်ချိန်အထိကောင်တာထိုင်ပေးသည်။မနက်ခင်းပိုင်းက ဆွန်းဟန်အိပ်ရာမနိုးတာမို့ ဆိုင်ကအလုပ်သမားတွေနှင့်သာ မေမေဆိုင်ဖွင့်လေ့ရှိသည်။
အခုဆိုတစ်ပတ်မြောက်နေ့....
ဟိုလူကြီး၏ ညစာကိုမရိုးနိုင်သော အမဲနံရိုးပေါင်းစားခြင်း တစ်ပတ်ပြည့်သွားခဲ့ပြီ။မေမေ့လက်ရာကောင်းတာသိပေမယ့် နေ့တိုင်းကြီးကျမရိုးအီဘူးလားမသိ။
ယခုနေ့လည်း အလုပ်မှအပြန် ဆိုင်ထဲဝင်စားပြီးမှပြန်သွားသည်။တစ်ခါတစ်လေဆို
ဆွန်းဟန် တို့ဆိုင်ပိတ်ချိန်လောက်မှပြန်လာတတ်တာ။ခုနေ့စောသားပဲဟုတွေးမိသည်။" အာ...စောစော မစောစောမင်းနဲ့ဘာဆိုင်လို့လဲဆွန်းဟန် ဟိုကမင်းကိုမခင်ချင်ဘူးလို့ပြောတယ်မလား "
ဆွန်းဟန် ကိုယ့်ခေါင်းကိုပြန်ရိုက်ကာအသိပေးစကားပြောလိုက်ပြီး မေမေဆိုင်သိမ်းရန်အတွက်ကူညီပေးလိုက်တော့သည်။
~ ~ ~
" ဆွန်းဟန်နား မေမေ့ကို ဒီချိုင့်လေး ရှေ့နေပတ် ဆီသွားပို့ပေးပါကွယ် "
" ဘာလုပ်ဖို့လဲမေမေ "
" အိမ်မှာမုန့်လုပ်လို့သွားပေးခိုင်းတာပေါ့ဟယ် ခုချိန်ဆိုညစာမစားရလောက်သေးဘူးသွား မြန်မြန်သွားချည် "
ဒီတော့လည်း ဆွန်းဟန်မေမေ့အလိုတော်ကျချိုင့်ဆွဲထွက်ခဲ့ရုံသာ။ကိုယ့်ကိုမခင်ချင်တဲ့သူကိုမှ ရင်ခုန်နေပါတယ်ဆို ခုမျက်နှာချင်းပါဆိုင်ရဦးမည်။
မေမေရဲ့သဘောကောင်းလွန်းနေတာ
ကလည်းပြဿနာပဲ။ဒေါက် ဒေါက်... ဒေါက်
ဆွန်းဟန်တံခါးခေါက်ပြီးသည်နှင့် တံခါးကတန်းပွင့်လာသည်။မသိရင်ဆွန်းဟန်အလာကိုမျှော်နေသလိုမျိုး...
" မေမေလာပို့ခိုင်းလို့ "
ချိုင့်ကိုထိုးပေးကာဆူကောက်ကောက်ပြောသော ချာတိတ်ကိုကြည့်ရင်း ဝန်းဘင်းသဘောကျတကျဖြစ်သွားပြီး နှုတ်ခမ်းများကွေးညွှတ်သည်အထိပြုံးမိသွားသည်။

YOU ARE READING
Beside You
Fiksi Penggemarအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ