" ဘာလို့ ဒီလောက်ဖုန်းမကိုင်နေတာလဲ
ဆွန်းဟန် စာပို့ထားတာတွေလည်းမပြန်ဘူး ၊ နေမကောင်းဘူးမလား ဆေးခန်းရောသွားပြီးပြီလား "ဝန်ဘင်းဖုန်းကိုင်ကိုင်ချင်း အဆက်မပြတ်ထွက်ပေါ်လာသောစကားသံများ။ ဖုန်းကိုနားနဲ့ဝေးရာ အကာအဝေးတစ်ခုထိခွာထားမိလိုက်သည်။
ချာတိတ်ကအိပ်နေတာမို့ ခဏခဏခေါ်နေသောဖုန်းသံကြောင့် နိုးမသွားစေရန် ကိုင်လိုက်ခြင်း။ အဓိက ချာတိတ်သူငယ်ချင်းဖြစ်နေလို့ကိုင်လိုက်တာလဲပါလိမ့်မည်။
" ပြန်မဖြေဘူးလား ဘာလဲမင်းခုထိဆေးခန်းမသွားရသေးတာတော့မဟုတ်ပါဘူးနော် ၊ ငါခုပြန်လာရမလား ဆွန်းဟန် "
" ဟုန်းဆွန်းဟန်က အိပ်နေတယ် ၊ ကျွန်တော်ကခုလက်ရှိသူ့အုပ်ထိန်းသူပါ ဆေးခန်းလည်းပြပြီးပါပြီ "
" ဪ ရှေ့နေကြီးကိုး... "
" ဟုတ်ပါတယ် "
" ကျွန်တော်တို့ဆွန်းဟန်ကို ဂရုစိုက်ပေးပါအုံးခင်ဗျာ နေမကောင်းရင်တအားဂျစ်တိုက်တတ်လို့ပါ "
ချာတိတ်က သူ့ဆွန်းဟန်ပဲဖြစ်ရသေး...။
ဝန်ဘင်းခပ်ချဉ်ချဉ်တွေးပြီးသွားကာမှ အတွေးကိုအမြန်ရှင်းထုတ်ရသည်။သူ့အသက်အရွယ်နဲ့ ဘယ်လိုကလေးဆန်တဲ့အပြုအမူအတွေးအခေါ်ပါလိမ့်။" ဒါနဲ့ ... "
" ဟုတ်ဗျ "
" ချာတိတ်နေမကောင်းတာ ဘယ်လိုသိတာလဲ "
" အာ... ဆွန်းဟန်က အရက်သောက်ပြီးတိုင်း နေမကောင်းဖြစ်တယ်လေ ၊ တစ်ခါဖြစ်ရင်သုံးလေးရက်လောက်ကြာတတ်တာ အဲ့တာကလည်းပုံမှန်လိုကိုဖြစ်နေတာမို့လေ ၊ ခုက အန်တီလည်းမရှိတော့ တစ်ယောက်တည်းဆိုပြီးစိတ်ပူနေတာ ရှေ့နေကြီးရှိတော့တော်ပါသေးတယ် သေချာလေးအပ်ပါတယ်နော် ၊ ဒါဆိုကျွန်တော်ကိစ္စလေးပေါ်လာလို့ ဖုန်းအရင်ချလိုက်တော့မယ်နော် "
အလျင်အမြန်ချသွားသောဖုန်းကို ဝန်ဘင်းတားချိန်မရလိုက်။
ကုတင်ပေါ်က ဆေးရှန်ကြောင့်အိပ်မောကျနေတဲ့ချာတိတ်ကိုကြည့်မိတော့ ရုတ်တရက်ကြီး သူ ချာတိတ်အကြောင်းတွေပိုပြီးသိချင်လာစိတ်ကတားဆီးမရစွာ။
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ