အနီးကပ်မြင်နေရပြီဖြစ်သော ပင်လယ်ပြာက ကျွန်တော်အပြုံးတွေကိုအကြိမ်ကြိမ်ဖြစ်ထွန်းစေဖို့ လှုံ့ဆော်ပေးသည်။
လေဆိပ်မှစထွက်လာတည်းက အဆင်သင့်စောင့်နေပေးသောကားပေါ်တက်စီးလာခဲ့သော်လည်း မောင်းသူနေရာကို ဦးကယူကာ ကျွန်တော်နဲ့နှစ်ယောက်တည်း အလိုရှိရာအရပ်ဆီမောင်းနှင်သည်။ကျွန်တော့်ခေါင်းထဲ ရှေ့နေ့တစ်ဦးဖြစ်တဲ့ ဦးရဲ့နယ်ပယ်ကဘယ်လောက်ထိကျယ်ပြန့်နေမလဲမေးခွန်းထုတ်မိသည်အထိ။
သို့သော်ကြာကြာလည်းမတွေးနိုင်ခဲ့။ ပင်လယ်မြင်တည်းကပြုံးပျော်နေတဲ့ကျွန်တော်ကို ဦးကသတိထားမိတာမို့ ကားအမိုးကိုပါဖွင့်ပေးထားပြီး ပင်လယ်မှဖြတ်တိုက်လာသော လေတို့အား ကျွန်တော်နှင့်ထိတွေ့စေသည်။
" ဦး.... "
ကျွန်တော်အရယ်အပြုံးမပျက်ခေါ်ဆိုသည်ကို ဦးကအသိအမှတ်ပြုသလိုခေါင်းညိတ်ပြုံးပြသည်။ ကျွန်တော်ပျော်နေတာကို ဦးလည်းခံစားမိနေသည်။
နေ့လည်ခင်းပိုင်းဖြစ်သော်လည်း ပင်လယ်နှင့်နီးသောဒေသမို့ ရာသီဥတုကထင်သလိုမပူဘဲ နေမင်းကိုမြင်တွေ့ခွင့်မရအောင်ကိုပင် တိမ်ထူထူတို့ကဖုံးအုပ်ထားလေသည်။ထို့ကြောင့်လည်း ဦးကကားအမိုးဖွင့်ပေးထားတာဖြစ်လိမ့်မည်။
အစ်မဟန်နာမင်္ဂလာပွဲအတွက် ဂျယ်ဂျူဒိုသို့လာရသည်ဖြစ်သော်လည်း မင်္ဂလာဆောင်မည့်အစ်မဟန်နာထက်ပင် ကျွန်တော်ကပို၍စိတ်လှုပ်ရှားနေသည်။
ဦးနှင့်ပထမဆုံးထွက်လာရသော ညအိပ်ခရီးစဉ်မို့ များစွာစိတ်လှုပ်ရှားနေမိသည်ဆိုလည်းမမှား။ပင်လယ်ပြာသည် ကျွန်တော်ပထမဆုံးသူ့ဆီရောက်ရှိလာသည်ကို ခရီးဦးကြိုပြုနေသည့်နှယ် လှိုင်းပုတ်သံများနှင့်ဆူညံနေသည်။
တည်းရမည့် ဟိုတယ်ကိုရောက်တော့ အစ်မဟန်နာတို့ကကြိုရောက်နှင့်နေပြီဖြစ်သည်။
" ဆွန်းဟန်လေး ပင်ပန်းနေပြီလား "
" မပင်ပန်းပါဘူးဗျ "
ဆွန်းဟန်ရယ်ကျဲကျဲဖြင့်ပြန်ဖြေလိုက်ရသော်လည်း အစ်မဟန်နာကိုသူအားနာနေဆဲ။ကလေးအတွေးနှင့် စိတ်ထင်ရာစွပ်စွဲတွေးတောခဲ့မိသည်လေ။
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ