Beside you 9

123 14 3
                                    

ဆွန်းဟန် ခေါင်းမငြိမ့်ခေါင်းမခါဘဲရှိနေတော့ ဦးကလည်း ထိုအတိုင်းလေးသာရပ်စောင့်နေလေသည်။

ဘာလို့ရပ်စောင့်နေတာလဲ။ပြန်တော့တော့လေ။ အိမ်ထဲပြန်ဝင်သင့်နေပြီလေ။

" ချာတိတ်.... "

ထပ်၍ထွက်ပေါ်လာသော ဦးခေါ်သံသည် ယခင်ကနှင့်မတူပါဘဲ နွေးထွေးနူးညံ့နေသည်။

" ကိုယ်ကျော်လာခဲ့လို့ဖြစ်တယ်မလား ၊ ကိုယ့်ကိုလက်ခံပေးမယ်မလား "

ဦးရဲ့အသံသည်တည်ကြည်ကာ နူးညံ့နေသည်။ ဆွန်းဟန်ထိုမျှလောက်ထိ တောင့်မခံနိုင်ပါ။အတွေးထဲတစ်ယောက်ထဲထွေးသတ်ရိုက်ပုတ်ရင်း ဒီလူဟာတစ်ခြားလူအပိုင်မှန်းသိနေပါရက်နဲ့....။

ထိုအခါ ဆွန်းဟန်ခေါင်းသည်အောက်သို့ပိုငိုက်ကျသွားပြီး မျက်ရည်ကြည်တို့က မီးရောင်အောက်ကစိမ်းမြနေသောမြက်ခင်းပေါ်သို့ကျရောက်သွားလေသည်။ဆွန်းဟန်မငိုချင်ပေမယ့် ၊ ဘယ်သူရှေ့မှာမှ သူအားနည်းမပြချင်ပေမယ့်....။ ဒီမျက်ရည်တွေကို ဦး မြင်လို့မဖြစ်။အထူးသဖြင့် သူ့ကိုငြင်းထားတဲ့ ဦးရှေ့မှာ ငိုမိတာကို သနားခံသလိုဖြစ်သွားမှာမျိုး ဆွန်းဟန် မလိုချင်ပါ။

ထိုအခိုက်.....

" ချာတိတ်ရာ.... " ဟူသောသံရှည်ခေါ်သံနှင့်အတူ သံပန်းတံခါးလေးသည်အလျင်စလိုဆွဲဖွင့်ခြင်းကိုခံလိုက်ရပြီး ဆွန်းဟန်သည် ကြီးမားကျယ်ပြန်နွေးထွေးလှသောရင်ခွင်ကျယ်နှင့်မျက်နှာအပ်သွားရသည်။

‌လက်တစ်ဖက်ကခါးကိုဖက်ထားရင် တစ်ဖက်ဆွန်းဟန် ခေါင်းလေးကိုသပ်ပေးနေတော့
ဆွန်းဟန်မှာပိုတိုး၍ ဝမ်းနည်းလာရပြီး မျက်ရည်တွေက ဦးအင်္ကျီပေါ်တွင်စွန်းတင်သွားရသည်။

" မငိုပါနဲ့ကွာ ကိုယ်တောင်းပန်တယ်နော် ချာတိတ်ရယ်... "

" ဟင့်... "

မငိုပါနဲ့ပြောလိုက်ကာမှ ရှိုက်သံသေးပါထွက်လာသူကြောင့် ဝန်ဘင်း ခေါင်းလေးအားပုတ်ကာနှစ်သိမ့်ပေးလိုက်ပြီး အငိုတိတ်သွားသည်အထိ ဖက်ပေးထားဖို့ကိုသာရွေးချယ်လိုက်မိသည်။

ထိုအခြင်းအရာအား အိမ်ထဲမှလှမ်းကြည့်နေသောမျက်ဝန်းတစ်စုံကို သတိကြီးလှပါတယ်ဆိုသည့် ရှေ့နေ့ကြီးသည် မမြင်လိုက်ပါချေ။သူ့အတွက် ရင်ခွင်ထဲမှလူလေး ထပ်ပြီးဝမ်းမနည်းတော့အောင် ဘာလုပ်ပေးရမလဲဟူသောအတွေးများသာရှိနေသောကြောင့်ပင်။

Beside You Where stories live. Discover now