နေရောင်ခြည်တစ်စွန်းတစ်စသာကျရောက်နေသေးသော ကားလမ်းမထက် တရိပ်ရိပ်ပြေးနေသောကားလေးအတွင်း လေထုကမငြိမ်မသက်။
ဆွန်းဟန် စကားပြောဖို့တွန့်ဆုပ်နေသည်မှာကြာပြီဖြစ်သည်။ပြောရမယ်ဆို အဲဒီစကားကိုပြောဖို့ ကျွန်တော်တစ်ပတ်လုံးကြိုးစားခဲ့ပေမယ့် ဘယ်လိုမှမေးမထွက်။
မေးလိုက်ရင်စိတ်တိုသွားမှာလားဆိုတဲ့စိတ်က စကားတစ်ခွန်းမေးဖို့တစ်ပတ်လောက်ကြာသွားစေသည်။အခုကမမေးလို့လည်းမဖြစ်တော့။အိမ်ပြန်ရောက်ရင် မေမေ့ကိုပြောဖို့အရေးစဉ်းစားနေတာ ဦးနဲ့ပတ်သက်ဆက်နွယ်မှုကို အသိပေးဖို့ ကျွန်တော်တို့ဆက်ဆံရေးကို ခေါင်းစဉ်တစ်ခုအောက်ထားဖို့လိုအပ်လာသည်လေ။
ဦးအချစ်ကိုမယုံကြည်တာမျိုးမဟုတ်သည့်တိုင် အဖြေလည်းပြန်မပေးသေး၊ ချစ်တယ်လို့လည်းယောင်လို့တောင်မပြောတာမို့ စဉ်းစားရခက်နေသည်။
" ဘာပြောချင်လို့လဲ ကလေး "
" ဟမ် "
ဆွန်းဟန်ဘယ်လောက်တွေဝေကာ ယောက်ယက်ခတ်နေလဲ ဦးတောင်သတိထားမိရတဲ့အထိပါပဲ။
" ဟိုလေ ဦး "
" အင်း ကိုယ်နားထောင်နေတယ် "
အသံအနေအထားအရ ရာသီဥတုကကိုယ့်ဘက်မှာရှိသည်။မမေးလို့လည်းမဖြစ်တာ မျက်စိမှိတ်ကာ မေးလိုက်ရသည်။
" ကျွန်တော်တို့က အခုဘာတွေလဲဟင် ဦး "
" ဘယ်လို!! "
အသံခပ်တိုးတိုးထွက်လာသော မရဲတရဲမေးခွန်းက ဝန်းဘင်ကိုအတော်လေးရိုက်ခတ်ပါသည်။ ကားဘရိတ်ကိုဆောင့်အုပ်လိုက်ရသည်အထိ။
" ဟိုလေ ဦး စိတ်မဆိုးပါနဲ့ မေမေ့ကိုပြောတဲ့အခါကျ ဘယ်လိုမိတ်ဆက်ပေးရမလဲမသိလို့လေ ၊ ဦးကျွန်တော့်ကိုချစ်တာကို ကျွန်တော်သိပါတယ် ၊ ဦးကိုမယုံတာလည်းမဟုတ်ပါဘူး ၊ မေမေကမေးလာရင်လည်းဘယ်လိုဖြေရမလဲမသိလို့ပါ ကျွန်တော်တို့ကတွဲနေကြတာလည်းမဟုတ်တော့ ပြီးတော့လေ.... "
တစ်တွတ်တွတ်ပြောနေသောချာတိတ်ကိုကြည့်ရင်း ကျွန်တော့်မှာအချစ်လည်းပိုရသလိုသနားလည်းသနားမိသည်။သူပြောချင်တဲ့သဘောက ကျွန်တော်ကချစ်တယ်လို့မပြောရသေးလို့မတွဲကြသေးဘူးဆိုတဲ့သဘောပေါ့လေ။တကယ်...ဘယ်လိုချစ်မွှေးလေးမှန်းတကယ်မသိတော့။
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ